ကဗျာဆရာ မောင်စိမ်းနီ ဈာပန မနက်ဖြန် ညနေပိုင်း ရေဝေးသုဿာန်မှ ပြုလုပ်မယ်

0
310

ကဗျာဆရာမောင်စိမ်းနီရဲ့ ရုပ်အလောင်းကို မနက်ဖြန် ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၄ နာရီမှာ ရဝေသုဿာန် ဂူသွင်းသင်္ဂြိုဟ်ပြီး ဈာပနအခမ်းအနားလုပ်သွားမှာ ဖြစ်ပါတယ်။

ပိတောက်ပွင့်သစ်မဂ္ဂဇင်း အယ်ဒီတာချုပ် စာရေးဆရာ၊ ကဗျာဆရာ မောင်စိမ်းနီဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၁၁ နာရီဝန်ကျင်က နှလုံးအမောဖောက်လာတာကြောင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်စဉ် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဆရာမောင်စိမ်းနီရဲ့ အမည်ရင်းဟာ ဦးလှထွန်းဖြစ်ပြီး အဖ ဦးမောင်တင်၊ အမိ ဒေါ်သိန်းညွန့်တို့က ၁၉၄၁ ခုနှစ် ရန်ကုန်မြို့ စက်ဆန်းရပ်ကွက်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

၁၉၅၇ ခုနှစ်က မောင်စိမ်းနီ(ကေသီပန်) ကလောင်အမည်နဲ့ ဘားမားစတားဂျာနယ်မှာ အညာအမည်ရှိတဲ့ သုံးကြောင်းစပ်ကဗျာကို ဖော်ပြခံခဲ့ရပါတယ်။ ၁၉၉၁ ခုနှစ်စတင်ပြီး ပိတောက်ပွင့်သစ်မဂ္ဂဇင်းကို အရင်စစ်အစိုးရလက်ထက် အခက်အခဲတွေ ကြားက ထုတ်ဝေခဲ့သူလည်းဖြစ်သလို အပြာရဲ့အနီ သံချပ်အဖွဲ့ကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါ့အပြင် နီဇော်ကလောင်အမည်နဲ့ ၁၉၇၆ ခုနှစ်က ဆူးလေလမ်းက လေနုအေးရယ်နဲ့ ၁၉၉၂ ခုနှစ်က ထာဝရ မိုးကောင်းကင် လုံးချင်းဝတ္ထုတွေကို ရေးသားခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ စာရေးဆရာ ကိုအောင်ဆန်း စာအုပ်ကိုလည်း စီစဉ်ထုတ်ဝေခဲ့ပါတယ်။

ဆရာမောင်စိမ်းနီဟာ မြန်မာနိုင်ငံကဗျာဆရာများသမဂ္ဂရဲ့ ဥက္ကဋ္ဌအဖြစ် ဆောက်ရွက်ခဲ့သလို ကဗျာနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကိုလည်း ရေးသားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် (၇၈)နှစ်ရှိပြီ ဖြစ်ပါတယ်။

ဆရာမောင်စိမ်းနီဟာ မကွယ်လွန်ခင်အချိန်အထိ ရန်ကုန်မြို့ သာကေတမြို့နယ် မာန်ပြေ (၁၁) လမ်း (အရှေ့ပိုင်း) မှာ နေထိုင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)