ဦးနေ၀င်းရဲ့ ကျန်ရစ်တဲ့မိသားစုဝင်တွေကို ကြံ့ခိုင်ရေးပါတီက ကျပ်ငွေ (၁၀) သိန်း ထောက်ပံ့

0
331

ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ သေနက်သမားကို ဖမ်းဆီးရမိဖို့အတွက် အသက်စွန့်ကြိုးစားပေးသွားတဲ့ အငှားယာဉ်မောင် ဦးနေ၀င်းရဲ့ ကျန်ရစ်တဲ့မိသားစုဝင်တွေကို ကြံ့ခိုင်ရေးပါတီက ကျပ်ငွေ (၁၀) သိန်း ထောက်ပံ့ပေးအပ်လိုက်ပါတယ်။

ဇန်န၀ါရီလ (၃၁) ရက်နေ့မှာ ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးခင်မောင်စိုးနဲ့ အဖွဲ့ဝင်တွေက သွားရောက် ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အငှားယာဉ်မောင် ဦးကိုနီဟာ ဇန်န၀ါရီလ (၂၉) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူ သေနက်သမား ဦးကြည်လင်းကို ဖမ်းဆီးရမိဖို့အတွက် ကြိုးစားရင် သေနက်ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး ရင်သွေးငယ် (၃) ဦး ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)