အမျိုးသားလုံခြုံ ရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ရေးသားထားတဲ့ဆောင်းပါးကို ပြည်ခိုင်ဖြိုးပါတီဝေဖန်

0
337

ဒေါ်အောင်ဆန်းစုကြည် ခန့်အပ်ထားတဲ့ အမျိုးသားလုံခြုံ ရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းရေးသားထားတဲ့ “စိတ်ရှည်သည်းခံရန် လိုအပ်သည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးခရီးစဉ်” ဆောင်းပါးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဝေဖန်လိုက်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ တရားဝင် လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ pyikhinephyomyanmar အမည်ရတဲ့ Facebook စာမျက်နှာက တဆင့် ဆောင်းပါးရှင် စိုးမြင့်သိန်းက “နက်နဲသိမ်မွေ့သည့်ပြဿနာများကို  ပိုမိုရှုပ်ထွေးခက်ခဲစေမည်ကို စိုးရိမ်ပါသည်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးကို ရေးသားဖော်ပြ ဝေဖန်လိုက်တာပါ။

အဲ့ဒီဆောင်းပါးမှာတော့ ဆောင်းပါးရှင်က ဦးသောင်းထွန်း ရေးသားတဲ့ ဆောင်းပါးမှာ Rakhine Muslims နဲ့ Buddhist Rakhine စတဲ့ အင်္ဂလိပ်အသုံးအနှုန်းဟာ ရခိုင်မွတ် စလင်၊ ဗုဒ္ဓဘာသာရခိုင်လို့ အဓိပ္ပါယ် ပေါက်ရောက်သွားတဲ့အပေါ် ဝေဖန်ထားတာဖြစ်ပါတယ်။

ဒါအပြင် အဲ့ဒီအသုံးအနှုန်းကို Wall Street Journal နဲ့ The Global New Light Of Myanmar စတဲ့ သတင်းစာတွေမှာ ဖော်ပြ ပါရှိလာတာဟာ ပြဿနာကို ပုံကြီးချဲ့နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အဲ့ဒီ အခေါ်အဝေါ်အတိုင်း သုံးစွဲခဲ့ရင် အငြင်းပွား နေဆဲ၊ ဖြေရှင်းရန်ကြိုးပမ်းနေဆဲ၊ ရခိုင် ပြည်နယ်အတွင်းက လူမျိုးရေး၊ ဘာသာရေး အငြင်းပွားမှုတွေကို ဆိုးရွားသည်ထက်ဆိုး ရွားလာလိမ့်မယ်လို့လည်း ဝေဖန်သုံးသပ်ထားတာ ဖြစ်ပါတယ်။

 

(မူးရင်းဆောင်းပါး – https://www.facebook.com/pyikhinephyomyanmar/posts/487333984775067:0 )

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)