ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို အာမခံကြေး တိုးမြှင့်တောင်းခံမယ့် ကိစ္စအပေါ် ညှိနှိုင်းမှု ပြုလုပ်

0
301

ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို အာမခံကြေး သိန်း ၅၀၀ တိုးမြှင့် တောင်းခံရန် စီစဉ်နေတဲ့အပေါ် အေဂျင်စီတွေ စုပေါင်းပြီး ယုဇန ဟိုတယ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂ ရက် နေ့ မှာ တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့ပါတယ်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အေဂျင်စီတွေကို စပေါ်ငွေ သိန်း ၅၀ ကနေ ၅၀၀ ထိ တိုးမြှင့် တောင်းခံမယ့် ကိစ္စအပေါ် အခုလို တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက တိုးဖို့လုပ်ခဲ့တယ်။ ဒါပေမဲ့ အေဂျင်စီတွေက အဆင်မပြေလို့ ရပ်ဆိုင်းခဲ့တာဖြစ်တယ်။ အခု ဒီအစိုးရ လက်ထက်မှာ ပြန်လုပ်ဖို့ ဆွေးနွေးလာခဲ့တာဖြစ်တဲ့အတွက် လက်ရှိမှာလည်း အေဂျင်စီ ၁၅၀ ကျော် လက်မှတ်ထိုးပြီး ကန့်ကွက်လွှာတင်ထားပါတယ်။ အဆင်ပြေတဲ့ အေဂျင်စီ ရှိသလို အဆင်မပြေတဲ့ အေဂျင်စီတွေလည်း ရှိတယ်လို့ ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို မြန်မာပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် အဖွဲ့ဝင်အေဂျင်စီ နှစ်ရာနီးပါး တက်ရောက် ဆွေးနွေးခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)