နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေ ထမ်းဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး ဂုဏ်ယူဖို့ ကာချုပ် မှာကြား

0
538

နိုင်ငံတော်ရဲ့ အဓိကာကွယ်ရေးအင်အားစုဖြစ်တဲ့ တပ်မတော်အနေနဲ့ လက်ရှိလျှောက်လှမ်းနေတဲ့ နိုင်ငံရေးစနစ်တည်ငြိမ်စွာနဲ့ ခိုင်ခိုင်မာမာရှိရေး၊ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းစေဖို့ နိုင်ငံရေးအရ၊ စစ်ရေးအရနည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ရေးတို့ကို အောင်မြင်အောင်ကြိုးပမ်းလုပ်ဆောင်လျက်ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောက်ဆည်တပ်နယ်၊ မိုင်းမောရှိအရာရှိစစ်သည် မိသားစုတွေနဲ့တွေ့ဆုံစဉ်မှာ အခုလိုပြောကြားလိုက်တာပါ။ ဒါ့အပြင် တပ်မတော်အနေနဲ့ တတ်စွမ်းသရွေ့ပါဝင်လုပ်ဆောင်ကြဖို့နဲ့ အရာရှိ၊ စစ်သည် မိသားစုတွေအနေနဲ့ ညီအစ်ကို မောင်နှမစိတ်ထားပြီး တစ်ဦးအပေါ်တစ်ဦး ကူညီ စောင့်ရှောက်မှု၊ ညီညွတ်မျှတတဲ့ အုပ်ချုပ်မှုတွေနဲ့ တပ်တွင်းစည်းလုံးညီညွတ်မှုကို ပိုမိုကျစ်လျစ် ခိုင်မာ အောင် ဆောင်ရွက်ရေးတို့ လုပ်ဆောင်ဖို့လိုတယ်လို ပြောပါတတယ်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့ မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်း အဖြစ်စစ်သားဘ၀ကိုခံယူခဲ့ကြသူတွေဖြစ်ပြီး စစ်သားဘ၀မှာ အဆုံးစွန်ဆုံးအသက်စွန့်လွှတ်ရတဲ့အထိ ပင်ပန်းဆင်းရဲစွာ တာဝန်ထမ်းဆောင်ရကြောင်း၊ ခေတ်အဆက်ဆက်စွန့်လွှတ်စွန့်စားပြီး ပေးဆပ်မှုတွေနဲ့ နိုင်ငံတော် နဲ့ ပြည်သူအတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်ရဲ့ နိုင်ငံတော်ကာကွယ်ရေးအပေါ်ထားရှိတဲ့ သဘောထား ကိုလည်းသိရှိဂုဏ်ယူကြရမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တိုင်းပြည်ရဲ့နိုင်ငံရေးပုံစံ၊ နိုင်ငံရေးလမ်းကြောင်းတွေ ဘယ်လိုပဲပြောင်းလဲစေကာမူ အဲဒီဖြစ်စဉ်ဖြစ်ရပ်တွေမှာ တပ်မတော်အနေနဲ့ဘယ်တိုက်တွန်း ချက်မှမပါဘဲ နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တာတွေနဲ့ပတ်သက်ပြီး ဂုဏ်ယူဖို့မှာကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)