မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန်းထိုက်ဦး ပြည်သူ့ဒီမိုကရေစီပါတီဥက္ကဋ္ဌ မဟုတ်ဟုဆို

0
337

ကြားဖြတ်ရွေးကောက်ပွဲမှာ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေကနေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြည်သူ့ဒီမိုကရေစီပါတီကိုယ်စားပြုပြီး ကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းထား တဲ့ ဒေါက်တာသန်းထိုက်ဦးဟာ ပါတီရဲ့ ဥက္ကဋ္ဌ မဟုတ်ကြောင်းနဲ့ ပါတီဗဟိုကော်မတီဝင်လည်း မဟုတ်ကြောင်း အဲ့ဒီပါတီက ပြောဆိုလိုက်ပါတယ်။

ဇန်န၀ါရီလ (၃၁) ရက်နေ့က ရန်ကုန်မြို့ City Star ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်သူ့ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးအောင်မြင့်ဆိုသူက ပြောကြားလိုက်တာပါ။

ဒီလို ပြောကြားတဲ့နေရာမှာတော့ ပြည်သူ့ဒီမိုက ရေစီပါတီဗဟိုဌာနချုပ်အနေနဲ့ ဒေါက်တာသန်းထိုက်ဦးကို ပါတီဥက္ကဋ္ဌ တာဝန်ကနေ ရပ်ဆိုင်းကြောင်းနဲ့ ပါတီဗဟိုကော်မတီဝင် အဖြစ်ကနေ ရပ်ဆိုင်းကြောင်း အစည်းအဝေးဆုံးဖြတ်ချက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ ၂၀၁၄ ခုနှစ်က တင်ပြခဲ့ပြီးဖြစ်တယ်လို့ဆိုတာပါ။

ဒါကြောင့် ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းကို ကန့်ကွက်မှုတွေပြုလုပ်ခဲ့ပေမယ့် ကော်မရှင်က ပါတီအနေနဲ့ ကန့်ကွက်လို့ မရပဲ ကိုယ်စားလှယ် အနေနဲ့သာ ကန့်ကွက်ခွင့်ရှိတယ်လို့ ပြန်လည် ဖြေကြားခဲ့တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။ ဒါကြောင့် ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေရဲ့ ဗဟိုကော်မတီအစည်းအဝေးက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အသိအမှတ်ပြုပေးဖို့ကိုလည်း တိုက်တွန်းထားတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)