မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်

0
408

မြန်မာနိုင်ငံကို ၂-၂-၂၀၁၇ ရက်နေ့မှ ၅-၂-၂၀၁၇ ရက်နေ့အထိ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ် H.E.Dr.Somkid Jatusripitak ရဲ့ ခရီးစဉ်အတွင်း မြန်မာ- ထိုင်းနှစ်နိုင်ငံ ဆွေးနွေးပွဲတစ်ရပ်ကို ဒီကနေ့ မနက် ၁၀း၁၅ က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမမှာပြု လုပ်ခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီှးဌာနတို့မှ ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနတို့မှ ဒုတိယဝန်ကြီးတွေနဲ့ အဆင့်မြင့် အရာရှိကြီးတွေ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ဘက်မှ ဒုတိယဝန်ကြီးချုပ် H.E.Dr.Somkid Jatusripitak နဲ့ အတူပို့ဆောင်ရေးဝန်ကြီးဌာန၊ စွမ်းအင် ၀န်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့မှ ဝန်ကြီးတွေ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံ အမတ်ကြီးနဲ့အဆင့်မြင့်အရာရှိကြီးတွေတက်ရောက်ခဲ့ကြတာပါ။

ဆွေးနွေးပွဲမှာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတာတွေပြုလုပ်ခဲ့ကြပြီး နှစ်နိုင်ငံဆွေးနွေး ပွဲအပြီးတွင်နားလည်မှုစာချွန်လွှာတွေမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)