ရုရှား – မြန်မာ ရခိုင်ပြည်နယ်၊ မောင်တောဒေသအရေး ဆွေးနွေး

0
338

ရုရှား – မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ရခိုင်ပြည်နယ်၊ မောင်တောဒေသအရေးကိစ္စတွေနဲ့ပတ်သက်ပြီး  ဆွေးနွေးခဲ့ကြပါတယ်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolay Listopadov တို့ ဇန်နဝါရီ ၃၁ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် အဲ့ဒီလို ဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးမှုထဲမှာတော့ ရခိုင်ပြည်နယ်၊ မောင်တောဒေသရဲ့ လက်ရှိတည်ငြိမ်အေးချမ်းမှုနဲ့ နှစ်ဖက်လူ့အဖွဲ့အစည်းတွေ အတူလက်တွဲ နေထိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေတွေ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ထောက်ပံ့နေမှုနဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)