မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း လုံးဝရပ်ဆိုင်းပေးရေး ဆန္ဒထုတ်ဖော်

0
308

လက်ရှိအစိုးရအနေနဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို အချိန်မဆွဲဘဲ အမြန်ဆုံးရပ်ဆိုင်းပေး စေချင်တယ်။ ပြည်သူကအားကိုးပြီး ရွေးချယ် တင်မြှောက် ပေးထာတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် ပြည်သူ့အသံကို နားထောင်ပေးစေချင်တယ်လို့ တန်ဖရဲကျေးရွာမှ အောင်မြင်သာစံပြကျေးရွာကို ပြောင်းရွှေ့လာသူ ဒေါ်ဂျာခေါန်ကပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် Palm Spring Hotel ရှေ့ မှာ ဒေသခံပြည်သူတွေ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း လုံးဝရပ်ဆိုင်းပေးဖို့ စုပေါင်းဆန္ဒထုတ်ဖော်ပွဲမှာအခုလိုပြောကြားလိုက်တာပါ။

အဲဒီင်္ဆန္ဒ ထုတ်ဖော်ပွဲဟာ ‘အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေရှင်း (IFC)ကနေ မြစ်ဆုံရေကာတာကိုအားပေးတဲ့အစည်းအဝေး လုပ်နေတယ်လို့ သိရပြီး မြစ်ကြီးနားမှာတင်မက တခြားမြို့နယ်တွေမှာလည်း ပြုလုပ်ခဲ့တာဖြစ်တဲ့အတွက် ကြောင့် ဒေသခံပြည်သူတွေကစိတ်ပူပြီး ယခုလိုစုပေါင်းပြီး ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့ကြတာပါ။

(ACHC)ကုမ္ပဏီ အနေနဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းလုပ်ဖြစ် မလုပ်ဖြစ်ဘူးဆိုတာကတော့ လက်ရှိအစိုးရနဲ့ ပြည်သူတွေရဲ့ သဘောထားပေါ်မှာပဲ မူတည်ပါတယ်လို့ (ACHC)ကုမ္ပဏီမှ Mr. Zhang Hugwt ကပြောပါတယ်။

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းလုံးဝရပ်ဆိုင်းပေးဖို့ ဆန္ဒထုတ် ဖော်ပွဲမှာဒေသခံပြည်သူ ၃ဝ ခန့်ပါဝင်ခဲ့ကြပြီး ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း(လုံးဝ)ရပ်ဆိုင်းရေး၊ ဧရာဝတီမြစ်ကိုပြည်သူတွေ ပိုင်ဆိုင်နိုင်ရေး၊ ဧရာဝတီမြစ် ထာဝစဉ်လွတ်လပ်စွာ စီးဆင်းရေး၊ ဒေသခံပြည်သူတွေ ယခင်နေရာ ကို လွတ်လပ် စွာနေထိုင်ခွင့်ရရှိရေး ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)