သံလွင်မြစ်ရေတိုက်စားမှု ကာကွယ်ဖို့ ရေတာတမံ တည်ဆောက်ရေး လုပ်ငန်း စတင်

0
250

သံလွင်မြစ်ရေတိုက်စားမှု ကာကွယ်ဖို့ ရေတာတံမံတည်ဆောက်ရေး လုပ်ငန်းစတင်တဲ့ အခမ်းအနား ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက ဘားအံမြို့နယ် မုက္ကဒိကျေးရွာ သံလွင်မြစ်ကမ်းနဖူးမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ JAPAN, JICA ရုံးချုပ်မှ Senior Advisor Mr.Murooka တို့က အဖွင့်အမှာစကားပြောကြားပြီး ရှေ့ပြေးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းလင်းနဲ့ JICA ခေါင်းဆောင် မစ္စတာ ဟရှီမိုတို တို့က ရှင်းလင်းပြောကြားကာ Mr.Murooka က Survery ပစ္စည်းစာရင်းတွေကို ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

အဲဒီစီမံကိန်းဟာ မြန်မာနိုင်ငံအရှေ့တောင်ဘက်ပိုင်းရှိ ကရင်နှင့် မွန်ပြည်နယ် အတွင်း တိုင်းရင်းသားမျိုးနွယ်စုတွေကို ကူညီထောက်ပံ့ပေးဖို့အတွက် ဘက်စုံဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲရေးစီမံကိန်းကို နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်း ရေးဆွဲရေးဦးစီးဌာနနဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက် နေကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)