အရင်လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ ကူညီပံ့ပိုးမှုကြောင့် လွှတ်တော်လုပ်ငန်းတွေ အဆင်ပြေချောမွေ့ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ဆို

0
298

အရင်လွှတ်တော်ဥက္ကဋ္ဌတွေရဲ့ ကူညီပံ့ပိုးမှုတွေရဲ့အကျိုးဆက်ကြောင့် လွှတ်တော်လုပ်ငန်းတွေ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်တာလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နေ့ နေပြည်တော်ရှိ လွှတ်တော် ထမင်းစားခန်းမဆောင်မှာ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ရဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားမှာ မိန့်ခွန်းမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်တာပါ။

အဲ့ဒီအခမ်းနားမှာပဲ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက တစ်နှစ်တာ ကာလအတွင်း လွှတ်တော်တွေအနေနဲ့ ဥပဒေသစ် (၅) ခုကို အသစ်ပြဋ္ဌာန်းနိုင်ခဲ့သလို ဥပဒေဟောင်း (၈) ခုကိုလည်း ပြင်ဆင်နိုင်ခဲ့ပြီး ဥပဒေဟောင်း (၆) ခုကို ရုပ်သိမ်းနိုင်ခဲ့တယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)