မောင်းတောခရိုင်မှာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် ၄ လ အတွင်း အပြစ်မဲ့အရပ်သား ၁၃ ဦး သတ်ဖြတ်ခံခဲ့ပြီး ၈ ဦး ပျောက်ဆုံးနေ

0
255

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းမှာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် ၄ လ အတွင်း အပြစ်မဲ့အရပ်သား ၁၃ ဦး သတ်ဖြတ်ခံခဲ့ပြီး ၈ ဦး ပျောက်ဆုံးနေတယ်လို့ အစိုးရအဖွဲ့က သတင်း ထုတ်ပြန်လာပါတယ်။

ဖေဖော်ဝါရီလ (၁) ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေးကော်မတီက အဲ့ဒီလို သတင်းထုတ်ပြန်လာပါ။

သေဆုံးသူတွေထဲမှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ပျောက်ဆုံးနေသူတွေထဲက ၃ ဦးကို ပြန်လည်တွေ့ရှိထားပြီး ၅ ဦးကတော့ ပျောက်ဆုံးနေဆဲလို့လည်း ဖော်ပြထားတာပါ။

အခုလို သတ်ဖြတ်မှုတွေဟာ ပြည်သူတွေကြားမှာ အမှန်တရားဖော်ထုတ်တာမျိုး မပြုနိုင်ဖို့၊ အကြောက် တရားကြီးစိုးစေဖို့၊ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိစေဖို့ ရည်ရွယ်ပြီး အပြစ်မဲ့ အရပ်သားပြည်သူတွေနဲ့ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကို အကြမ်းဖက်တိုက်ခိုက်သူတွေက ပြုလုပ်ခဲ့တာလို့ အစိုးရအဖွဲ့က ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)