NLD မျိုးစောင့်ဥပဒေနဲ့ နိုင်ငံသားဥပဒေကိုပြင်ရင် ရခိုင်တွေအတိုက်အခံလုပ်မယ်

0
504

NLD ပါတီအနေနဲ့ မျိုးစောင့်ဥပဒေနဲ့ နိုင်ငံသားဖြစ်မှုဥပဒေကို ပြင်ဆင်လာမယ်ဆိုရင်တော့ လွှတ်တော်ထဲကနေ အတိုက်အခံအနေနဲ့ ရပ်တည်သွားမယ်လို့ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေကနေ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ဒေါ်ခင်စောဝေက MCN (မြန်မာကေဘယ်ရုပ်သံသတင်းဌာန) ရဲ့ သီးသန့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားစဉ်မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို ရုပ်သံသတင်းပေးပို့ချက်မှာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)