စိုက်ပျိုးရေးဒီပလိုမာတွေကို ပထမအကြိမ်အဖြစ် ပေးအပ်

0
420

စိုက်ပျိုးရေးဒီပလိုမာတွေကို ပထမအကြိမ်အဖြစ် ပေးအပ်ခဲ့တာဖြစ်ပြီး ဒီအခမ်းအနားကို ဇန်န၀ါရီလ ၂၄ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ကလောမြို့နယ် ဟဲဟိုးမြို့မှာရှိတဲ့ စိုက်ပျိုးရေးသိပ္ပံ (ဟဲဟိုး)မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ သီးနှံအထူးပြု သင်တန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး တက်ရောက်ခဲ့တဲ့သင်တန်းသား အမျိုးသား (၇၆)ဦး အမျိုးသမီး (၁၄၄)ဦး စုစုပေါင်း အယောက် ၂၂၀ ကို ပထမဆုံးအကြိမ်အဖြစ် ဒီပလိုမာဘွဲ့ ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဋ္ဌာန လက်အောက်မှာ အရင်က စိုက်ပျိုးရေးသိပ္ပံ (၇)ခုဖွင့်လစ်ခဲ့ပြီး အခု 2015-2016 ပညာသင်နှစ်မှာတော့ စိုက်ပျိုးရေးသိပ္ပံ (၁၂)ခုအထိရှိလာပြီလို့သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)