နိုင်ငံသားတွေ စည်းလုံးရင် ကြီးမားတဲ့ အကျိုးတွေ ခံစားရတယ်လို့ သမ္မတ ဦးထင်ကျော် ပြော

0
308

ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီ စနစ်ဟူသည် အများပြည်သူတို့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့သာ အောင်မြင်နိုင်တာဖြစ်လို့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာမှာလည်း နိုင်ငံသူနိုင်ငံသားအားလုံးတို့က ဒီမိုကရေစီစိတ်ဓာတ် ပြည့်ဝစွာနဲ့ တက်ညီလက်ညီပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်က သူ့ရဲ့ နှစ်သစ်နှုတ်ခွန်းဆက်မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

15822131_1044772202316460_796814172_n

လက်ရှိမှာနိုင်ငံတော် အစိုးရအနေနဲ့ ၂၀၁၆ ခုနှစ်အတွင်း တာဝန်ယူခဲ့တဲ့ (၉)လတာ ကာလတစ်လျှောက်မှာ တိုင်းပြည်အကျိုးအတွက် ရည်ရွယ်ချမှတ်ထားတဲ့ မူဝါဒတွေဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီနဲ့အညီ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုဖြစ်ပေါ်ရေး၊ ပြည်သူတွေရဲ့လူနေမှုဘ၀တွေ တိုးတက်မြင့်မားရေးတို့အတွက် တစ်စိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ သမ္မတကြီးကပြောပါတယ်။

ဒါ့အပြင် သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် နိုင်ငံသူနိုင်ငံသားတွေ စည်းလုံးညီညွတ်စွာ ၀ိုင်းဝန်းဆောင်ရွက်ကြတဲ့ အခါတိုင်းမှာ တိုင်းပြည်အတွက်ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ခံစားရစမြဲဖြစ်တယ်ဆိုတာ တွေ့ရမှာ ဖြစ်ပြီး ထင်ရှားတဲ့သာဓကတစ်ခုကတော့ ၁၉၄၇ ခုနှစ်မှာ တိုင်းရင်းသားလူမျိုးတွေအားလုံးရဲ့ စည်းလုံးညီညွတ်မှုပြယုဂ်ဖြစ်တဲ့ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး အဲဒီညီညွတ်မှုရဲ့ရလဒ်အဖြစ် မြန်မာ့လွတ်လပ်ရေးရရှိနိုင်ခဲ့ တာဖြစ်ပါတယ်။

အခုအခါမှာလည်း ၂၁ ရာစုပင်လုံညီလာခံကအစပြုပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ နိုင်ငံသားအားလုံးတို့က ဒီမိုကရေစီစိတ်ဓာတ်ပြည့်ဝစွာနဲ့ တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)