ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းဖို့ တက်ညီလက်ညီ လုပ်ဆောင်ဖို့ လိုတယ်လို့ ဦးဝင်းမြင့် ပြောကြား

0
282

အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးတွေအတွက် တိုင်းရင်းသား ပြည်သူတွေအားလုံး က စည်းလုံးညီညွတ်စွာ တက်ညီလက်ညီနဲ့ အတူလက်တွဲပြီး ဆောင်ရွက်ကြရမယ့် အချိန်အခါဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြား လိုက်ပါတယ်။

15871220_1044724952321185_582517938_n

၂၀၁၇ ခုနှစ် နှုတ်ခွန်းဆက်စကားပြောကြားရာမှာ အခုလိုပြောကြားလိုက်တာပါ။ ဒါ့အပြင် နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဆက်လက်ရှင်သန်ခိုင်မြဲဖို့၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲဖို့အတွက် မပြတ်သောသတိ၊ မလျော့သောလုံ့လ၊ ဝီရိယနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားထုတ်နိုင်ကြစေဖို့နဲ့ နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတို့ရဲ့ အကျိုးကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြဖို့ ပြည်ထောင်စုကြီးနဲ့ အနာဂတ်မျိုးဆက်တွေအတွက် ဘယ်ပုံဘယ်နည်းနဲ့ ဆောင်ရွက်ပေးနိုင်ကြမလဲဆိုတဲ့ စိတ်သစ်လူသစ်ကို နှစ်သစ်မင်္ဂလာအခါသမယမှာ မွေးမြူနိုင်ကြပါစေ လို့ နှုတ်ခွန်းဆက်စကားပြောကြားလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)