ယာဉ်မောင်းအိပ်ငိုက်လို့ ယာဉ်တိုက်မှု ဖြစ်ပြီး တစ်ဦးသေဆုံး

0
259

ယာဉ်မောင်း အိပ်ငိုက်ခဲ့တာကြောင့် HONDA FIT လမ်းဘေး ခရေပင်နဲ့ တိုက်မိပြီး လိုက်ပါလာသူ တစ်ဦးသေဆုံးခဲ့ပါတယ်။

15841440_1044711575655856_769545029_n

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၀/၅ နှင့် ၀/၆ အကြား ရန်ကုန်မှ နေပြည်တော်ဘက်ကို ယာဉ်မောင်း မင်းသူခန့်မောင်းနှင်လာတဲ့
HONDA FIT မော်တော်ယာဉ်ဟာ ဒီဇင်ဘာ၂ ရက် (ဒီကနေ့)မနက် ၄ နာရီက ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေး မှာရှိတဲ့ ခရေပင်တိုက်ဝင်တိုက်မိခဲ့တာပါ။ အဲဒီယာဉ်တိုက်မှုကြောင့် ယာဉ်နဲ့လိုက်ပါလာသူ ဦးဝင်းမောင်မောင်၊ ပုသိမ်မြို့နေသူဟာ ဒဏ်ရာအပြင်းအထန်ရရှိပြီး နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ယာဉ်မောင်း မင်းသူခန့်ကို အမှတ်(၃) အမြန်လမ်းမကြီး ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အမှုဖွင့် စစ်ဆေးအရေးယူ လိုက်ပါတယ်။ အမြန်လမ်းအတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ်တွေဟာ ၂၀၁၆ ခုနှစ်အတွင်း ယာဉ်မောင်း အိပ်ငိုက်တာကြာင့် (၅၆)မှု ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင်အရှိန်ပြင်းထန်စွာ မောင်းနှင်တာကြောင့် ယာဉ်မတော်တဆမှု (၂၉၃)မှု၊ လမ်းဖြတ်ကူးသူ ပေါ့ဆမှု (၉)မှု၊ တိရိစ္ဆာန်ကြောင့် (၅)မှု၊ ဆိုင်ကယ်ပေါ့ဆ မှုကြောင့် (၁၀၃)မှု၊ အနှေးယာဉ်ပေါ့ဆမှု(၂)မှု၊ အဆင်မခြင် မောင်းနှင်မှု (၆၀)မှု၊ ဘီးပေါက်ပြီး ယာဉ်မတော်တဆမှု (၁၇၆)မှု၊ စက်ချို့ယွင်းမှု (၂၁)မှု၊ လမ်းချော်မှု (၁၉)မှု၊ စုစုပေါင်း ယာဉ်မတော်တဆမှု (၇၄၄)မှု ဖြစ်ပွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)