ကိုးတန်ကောက်ရွာ နယ်မြေရှင်းလင်းရာမှာ ရိုက်နှက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူသွားမယ်

0
334

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုးတန်ကောက်ကျေးရွာမှာ ရွာသာတချို့ကို ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်နေတဲ့ ဗီဒီယို ပျံ့နှံ့ခဲ့ပြီးနောက်မှာ ရွာသားတွေကို ရိုက်နှက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

maungdaw

အဲဒီ ဗီဒီယိုဟာ ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာတစ်ခုကနေ ပျံ့နှံ့ခဲ့တာဖြစ်ပြီး ဗီဒီယိုထဲက ဖြစ်စဉ်တွေဟာ နိုဝင်ဘာ ၅ ရက်နေ့က ကိုးတန်ကောက်ရွာမှာ နယ်မြေဝင်ရောက်ရှင်းလင်းစဉ် ရဲတပ်သားတစ်ဦးက လက်ကိုင်ဖုန်းနဲ့ ရိုက်ကူးခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်တယ်လု့လည်း ကော်မတီက ထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်စဉ်မတိုင်မီ မောင်တောမြို့နယ်၊ နိုရူလာရဲကင်းစခန်းမှာ လုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက်သမား ခြောက်ဦးက ဆိုင်ကယ်သုံးစီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် တာဝန်ကျ ရဲတပ်ကြပ်တစ်ဦး သေဆုံးပြီး ရဲတပ်ကြပ်တစ်ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် အဲဒီလို ဝင်ရောက်နယ်မြေရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိတပါတယ်။

ကိုးတန်ကောက်ရွာမှာ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာမှာ အကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ နူအာလောင်၊ ဆော်လီမူလာနဲ့ မာမွတ်နော်ဘီတို့ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။

ဒါပေမဲ့ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးစီးခေါင်ဆောင် တာဝန်ရှိသူဟာ အမှတ်(၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲက ရဲမှူး ရဲထွန်းနိုင်၊ အမှတ်(၃၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ဒုတိယရဲအုပ် တေဇာလင်း၊ ဗီဒီယိုရိုက်ကူးသူ ရဲတပ်သား ဇော်မျိုးထိုက်နဲ့ ရွာသားတွေကို ရိုက်နှက်သူ ရဲတပ်သား ပြည့်ဖြိုးသွင်တို့ဖြစ်ကြောင်း စိစစ်ဖော်ထုတ်ထားနိုင်ပြီး ထိထိရောက်ရောက် အရေးယူဖို့ ဆောင်ရွက်နေသလို ပါဝင် ရိုက်နှက်တဲ့ ကျန်ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဆက်လက်ဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)