၂၀၁၇ ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းတွေထဲမှာ အရေးကြီးဆုံးက ငြိမ်းချမ်းရေးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

0
273

၂၀၁၇ ခုနှစ်ကစပြီး နိုင်ငံအတွက် ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စတွေထဲမှာ အရေးအကြီးဆုံးကတော့ ငြိမ်းချမ်းရေးပဲလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၁ ရက်နေ့က လူငယ်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

dawsu

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ မှာ မွန်းလွဲ ၂ နာရီက လုပ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များ စကားဝိုင်း(ငြိမ်းချမ်းရေးစကားဝိုင်း)မှာ အဲဒီလို ပြောကြားခဲ့တာပါ။

dawsu2

လာမယ့် မေလမှာ ဒုတိယ ၂၁ ရာစု ပင်လုံညီလာခံကြီးကို ကျင်းပရေးအတွက်ဆောင်ရွက်နေပြီး အဲဒီလိုဖြစ်ဖို့ ခြေလှမ်းတွေ အများကြီးလှမ်းဖို့လိုအပ်တဲ့အထဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စ ပါဝင်ကြောင်း၊ အပစ်အခတ်ရပ်စဲပြီးမှ တကယ့်ငြိမ်းချမ်းရေးရနိုင်ကြောင်းနဲ့ ပစ်ရင်းခတ်ရင်း ငြိမ်းချမ်းရေးရတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များစကားဝိုင်း(ငြိမ်းချမ်းရေးစကားဝိုင်း)မှာ လူငယ် ၁၈ ယောက် တက်ရောက်ခဲ့တာဖြစ်ပြီး ပါဝင်ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)