ကိုးတန်ကောက်ကျေးရွာ မှတ်တမ်းဗီဒီယိုရိုက်ကူးမှု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်

0
292

ကိုးတန်ကောက်ကျေးရွာအတွင်း ရဲတပ်ဖွဲ့ဝင်တွေ ရှင်းလင်းဆောင်ရွက်မှု မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးခဲ့တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

15843962_953084958159054_934925474493026327_o-1

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေပိုင်းက လူမှုကွန်ရက်စာမျက်နှာတစ်ခုမှာ လွှင့်တင်ခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အချို့က ရိုက်နှက်နေတဲ့ ပုံရိပ်တွေကို ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့ ပုံရိပ်တွေအဖြစ်နဲ့ ဖော်ပြထားတာပါ။

အဲဒီဖြစ်စဉ်ဟာ မောင်တောမြို့နယ် နိုရူလာရဲစခန်းကို အကြမ်းဖက်သမား ၆ ဦးက နိုဝင်ဘာ ၃ ရက်နေ့က လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်တဲ့အတွက် နိုဝင်ဘာလ ၅ ရက်နေ့မှာ ကိုးတန်ကောက်ကျေးရွာအတွင်း အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနဲ့ အမှတ်(၃၆)လုံခြုံရေးတပ်ခွဲတို့ ပူးပေါင်းပါဝင်ပြီး ဝင်ရောက်ရှင်းစဉ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အချို့ကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အခုအခါမှာတော့ ရိုက်နှက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဆက်လက်ဖော်ထုတ်လျက်ရှိပြီး ရဲစည်းကမ်းထိန်းသိမ်းရေးအရ ထိရောက်စွာအရေးယူ သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)