ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြား

0
274

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က၂၀၁၇ ခုနှစ် ကာလမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံကြီး ပေါ်ထွန်းရေးတို့အတွက် တပ်မတော်အနေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွား မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

15871299_1044642492329431_1517962551_n

အဲဒီလုပ်ငန်းစဉ်တွေမှာလည်း ပြည်သူတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ပေးကြဖို့နဲ့ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက ၀ိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ နှိုးဆော်ပြောကြားလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားရာမှာ အခုလို့ထည့်သွင်း ပြောကြားလိုက်တာပါ။

ဒါ့အပြင် ၂၀၁၆ ခုနှစ်ဟာ ထူးခြားတဲ့ဖြစ်စဉ်ဖြစ်ရပ်တွေနဲ့ ကျာ်လွှားခဲ့ရတာကိုလည်း တွေ့ရပါတယ်။ ပထမအချက်အနေနဲ့ ရွးကောက်ပွဲအနိုင်ရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဦးဆောင်တဲ့ အစိုးရပြောင်းလဲ တာဝန်ယူခဲ့ပြီး ဒီလုပ်ငန်းစဉ်တွေ အောင်မြင်အောင် တပ်မတော်က ၀ိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးခဲ့ပြီး ပြည်တွင်းမှာတိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူတွေကြောင့်ကချင်ပြည်နယ်အချို့ဒေသ၊ ရှမ်းပြည်နယ်အရှေ့ မြောက်ဒေသ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရပြီး ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်လာတဲ့ အတွက် တပ်မတော်က အသက်သွေးချွေးများစွာ ပေးဆပ်ပြီး တည်ငြိမ်အေးချမ်း အောင်ထိန်းသိမ်းဆောင်ရွက်ပေးခဲ့ပါတယ်လို့ပြောကြားပါတယ်။

ဒါ့အပြင်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကိုလည်း စတင်ကျင်းပနိုင်ခဲ့တာတွေဟာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အောင်မြင်ခဲ့တယ်ဆိုတာကို တွေ့ရှိရမှာဖြစ်လို့ ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)