KKO ခွဲထွက် တပ်ဖွဲ့ဝင် ခုနစ်ဦး ဥပဒေဘောင်အတွင်း ၀င်ရောက်

0
314

KKO ခွဲထွက် စောဆန်းအောင်အဖွဲ့မှ တပ်ဖွဲ့ဝင်ခုနစ်ဦး ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့ကြပါတယ်။

15871279_1044629295664084_537492460_n

ဇန်န၀ါရီ ၁ ရက်နေ့ နေ့လယ်ပိုင်းက ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ တပ်မတော်စစ်ကြောင်း အခြေပြုနေရာကို KKO ခွဲထွက်စောဆန်းအောင်အဖွဲ့မှ ၀င်းဇော်ခေါင်းဆောင်တဲ့ တပ်ဖွဲ့ဝင် ခုနစ်ဦးတို့ဟာ လက်နက်မျိုးစုံ ခုနစ်လက်၊ ကျည်မျိုး စုံ ၆၁၂ တောင့်၊ ကျည်အိမ်မျိုးစုံ ရှစ်ခုတို့နဲ့အတူ ဥပဒေဘောင်အတွင်းသို့ ၀င်ရောက်လာခဲ့ကြတာပါ။

သူတို့အနေနဲ့ KKO ခွဲထွက်စောဆန်းအောင်အဖွဲ့ရဲ့ လုပ်ရပ်တွေအပေါ် လက်မခံနိုင်တဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ငြိမ်းချမ်းစွာ နေထိုင်လိုတာကြောင့် ၂၀၁၇ ခုနှစ်၊ နှစ်သစ်မှာ ဥပဒေဘောင်အတွင်းကို ၀င်ရောက်လာခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)