ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အချိန်မဆွဲသင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

0
297

ငြိမ်းချိမ်းရေးဖြစ်စဉ်နဲ့ အမျိုးသားပြန်လည် သင်ြ့မတ်ရေးဆိုတာဟာ အဖွဲ့အစည်းတစ်ခုနဲ့ လုပ်လို့မရကြောင်း၊ အဖွဲ့အစည်းအချို့နဲ့လည်း လုပ်လို့မရကြောင်း၊ ပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပုဂ္ဂိုလ်တွေအားလုံး ဝိုင်းဝန်းကြိုးစားမှရမှာဖြစ်တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

15878644_1044626338997713_1665948277_n

ဇန်နဝါရီလ ၁ ရက်နေ့ က ကျင်းပတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဖွင့်ပွဲ အခမ်းအနားမှာ အခုလို ပြောကြား လိုက်တာပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ အောင်မြင်မှုတွေရ ရှိမယ်ဆိုတာ ယုံကြည်ပြီးသားဖြစ်ပြီး အချိန်ဘယ် လောက်ယူမလဲဆိုတာသာ မသိနိုင်ပေမယ့် အချိန်မဆွဲသင့်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အဲဒီအခမ်းအနားမှာ ဒေါ်အောင် ဆန်းစုကြည်က ငြိမ်းချမ်းရေး သံလွင်ပင်ကို ငြိမ်းချမ်းရေးအထိမ်းအမှတ်အဖြစ် ကိုယ်တိုင်စိုက်ပျိုးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)