အရင်အစိုးရငှားခဲ့တဲ့ အင်းစိန်လမ်းပေါ်က ကလေးကစားကွင်းမြေနေရာကို ပြန်မပေးနိုင်တော့ဘူးလို့ စက်မှုဝန်ကြီးပြော

0
330

လှိုင်မြို့နယ် အင်းစိန်လမ်းပေါ်မှာရှိတဲ့ ကလေးကစားကွင်းနဲ့ပန်းခြံနေရာမှာ ဘီယာဆိုင်၊ ဖုန်းပစ္စည်းဆိုင်နဲ့ အဝတ်အထည်ဆိုင်တွေ ဖွင့်လှစ်ထားတာကို အများပိုင်နေရာအဖြစ် ပြန်လည်ပေးအပ်နိုင်ဖို့ မရှိဘူးလို့ စက်မှုဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

playground
(ရန်ကုန်မြို့လယ်က ကလေးကစားကွင်းနဲ့ အပန်းဖြေပန်းခြံတစ်ခု)

ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လှိုင် မဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးရဲ့မေးခွန်းကို စက်မှုဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အဲဒီလိုေုဖြကြားခဲ့တာပါ။

လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ အင်းစိန်လမ်းပေါ်က ဘာတာဈေးနဲ့ မီးသတ်ဦးစီးဌာန အဆောက်အအုံကြားမှာရှီတဲ့ အဲဒီမြေနေရာ အရင်အစိုးရလက်ထက်မှာ စက်မှုဝန်ကြီးဌာနက Planets Zone ဘီယာဆိုင်၊ ဖုန်းဆိုင်၊ KLK အထည်ဆိုင်တွေ ဖွင့်လှစ်ဖို့ ၁၀ နှစ်စာချုပ်နဲ့ ငှားရမ်းခဲ့တာကြောင့် အဲဒီမြေနေရာကို အများပြည်သူပိုင်မြေနေရာအဖြစ် ပြန်လည်ပေးအပ်နိုင်ခြင်းမရှိတော့ကြောင်း ဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

အဲဒီမြေနေရာကို ၂၀၂၄ ခုနှစ်အထိ ငှားရမ်းထားတာ ဖြစ်ပြီး လက်ရှိမှာ မြေနေရာငှားရမ်းခတွေကို စက်မှုဝန်ကြီးဌာနက နိုင်ငံတော်ကို ပြန်လည်ပေးသွင်းလျက်ရှိတယ်လို့လည်း ဖြေကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)