ဘုတ်ပြင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း သစ်ခိုးလှေတစ်စင်း ဖမ်းမိ

0
377

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့အနီးမှာ သစ်ခိုးလှေတစ်စင်းကို တပ်မတော်(ရေ)က ဖမ်းဆီးရမိခဲ့ပါတယ်။

boat

အဲဒီသစ်ခိုးလှေပေါ်မှာ အမျိုးသားလေးဦးစီးနင်းလိုက်ပါလာပြီး တောသစ်ခွဲသား အရွယ်စုံ ၁၀ တန်ကိုလည်း ဖမ်းဆီးရမိခဲ့တာပါ။

ဘုတ်ပြင်းမြို့၊ ပန်းတောင်းကျွန်းဘက် ပင်လယ်ပြင်အတွင်းမှာ နိုဝင်ဘာ ၂၈ ရက်နေ့က တပ်မတော်(ရေ) နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်မှာ မသင်္ကာဖွယ် လှေတစ်စင်းကိုတွေ့ရှိပြီး မီးအချက်ပြခေါ်ရာမှာ မလာဘဲ ထွက်ပြေးတာကြောင့် လှေကို ဘုတ်ပြင်းမြို့ရဲ့ အနောက်တောင်ဘက် ၁ မိုင်အကွာ ပင်လယ်ပြင်အတွင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီလှေဟာ စက်မကြီး တရုတ်နီ အင်ဂျင် 25 Hp Gear Box နဲ့တွဲလျက် တစ်လုံး၊ တရုတ်နီအင်ဂျင် 18 Hp ဘေးချိတ် တစ်လုံးနဲပ တရုတ်နီအင်ဂျင် 10 Hp ဘေးချိတ် တစ်လုံးတို့ တပ်ဆင်ထားပြီး ဖမ်းမိသူတွေ၊ လှေ၊ သစ်၊ စက်နဲ့ တခြားပစ္စည်းတွေကို မြိတ်မြို့ သစ်တောဦးစီးဌာနကို လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)