အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းနိုင်ငံကို ရောက်ရှိ

0
90

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ်ချန်အိုချာရဲ့ ဖိတ်ကြားချက်အရ (၃၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး နဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့အတွက် ဒီကနေ့ မွန်းလွဲ ၁၂ နာရီခွဲမှာ နေပြည်တော်ကနေ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ကို အထူးလေယာဉ်နဲ့ ထွက်ခွာခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင် နဲ့ တာဝန်ရှိသူတွေ လိုက်ပါခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းမှာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ကို ရောက်ရှိခဲ့ရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီး Mr. Anutin Charnvirakul ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးမျိုးမြင့်သန်း နဲ့ ဇနီး၊ စစ်သံမှူးဗိုလ်မှူးချုပ် ခင်ဇော်၊ သံရုံးဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေက ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ  ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းနိုင်ငံကို ရောက်ရှိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယုဒ်ချန်အိုချာရဲ့ ဖိတ်ကြားချက်အရ (၃၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး နဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့အတွက် ဒီကနေ့ မွန်းလွဲ ၁၂ နာရီခွဲမှာ နေပြည်တော်ကနေ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ကို အထူးလေယာဉ်နဲ့ ထွက်ခွာခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင် နဲ့ တာဝန်ရှိသူတွေ လိုက်ပါခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းမှာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ကို ရောက်ရှိခဲ့ရာ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီး Mr. Anutin Charnvirakul ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးမျိုးမြင့်သန်း နဲ့ ဇနီး၊ စစ်သံမှူးဗိုလ်မှူးချုပ် ခင်ဇော်၊ သံရုံးဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေက ဒွန်မောင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)