အေရွ႕ေတာင္အာရွ တကၠသုိလ္မ်ား အားကစားၿပဳိင္ပြဲ ဒီဇင္ဘာမွာ က်င္းပမယ္ (႐ုပ္/သံ)

0
651

(၁၉) ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ တကၠသုိလ္မ်ားအားကစားၿပဳိင္ပြဲ (ASEAN University Games 2018)ကုိ ျမန္မာနိုင္ငံမွာ ပထမအႀကိမ္ က်င္းပမည္။ ဒီသတင္းကုိ MCN သတင္းေထာက္ သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

(၁၉) ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ တကၠသုိလ္မ်ားအားကစားၿပဳိင္ပြဲကုိ ျမန္မာႏုိင္ငံမွာ ပထမအႀကိမ္အျဖစ္ ဒီဇင္ဘာလ ၉ ရက္ေန႔ကေန ၁၉ ရက္ေန႔အထိ ေနျပည္ေတာ္မွာ က်င္းပသြားမွာ ျဖစ္ပါတယ္။

ႏုိင္ငံေပါင္း ၁၁ ႏုိင္ငံက တကၠသုိလ္တက္ေနတဲ့ ေက်ာင္းသားေတြက အားကစားအမ်ဳိးအစား ၁၉ မ်ဳိးကို ဝင္ေရာက္ယွဥ္ရမွာျဖစ္ၿပီး ျမန္မာႏုိင္ငံမွာရွိတဲ႔ တကၠသုိလ္ေက်ာင္း ၁၆၀ ေက်ာ္က အားကစားသမား ၁၄၇၃ဦး ပါဝင္မွာလည္း ျဖစ္ပါတယ္။

ႏုိဝင္ဘာလ ၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ Central Hotel မွာ ၁၉ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ တကၠသုိလ္မ်ားအားကစားၿပဳိင္ပြဲ အိမ္ရွင္အျဖစ္ က်င္းပဖို႔ရွိေနတာနဲ႔ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တာပါ။

Soundbite ေဒါက္တာလွတင္႕(ပညာေရး၀န္ၾကီးဌာန ျပဳိင္ပြဲက်င္းပေရးေကာ္မတီ၀င္)
ရန္ကုန္အေ၀းသင္တကၠသုိလ္ ပါေမာကၡခ်ဳပ္ အျငိမ္းစား

ဒါအျပင္ (၁၉) ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ တကၠသုိလ္မ်ား အားကစားၿပဳိင္ပြဲသီခ်င္းနဲ႔အတူ အႏုပညာရွင္ေတြက ၿပဳိင္ပြဲမတုိင္ခင္ ရန္ကုန္၊ မႏၱေလးၿမိဳ႕ေတြက တကၠသုိလ္ေက်ာင္းေတြမွာ လႈံ႕ေဆာ္ အသိေပးတာေတြလည္း လုပ္ေဆာင္သြားမွာလည္း ျဖစ္ပါတယ္။

Soundbite ကုိခ်မ္းေျမ႕ကုိကုိလြင္ (Managing Director)
TopBiz Advertising Co.Ltd

အေရွ႕ေတာင္အာရွတကၠသုိလ္မ်ား အားကစားၿပဳိင္ပြဲကုိ ၁၉၈၁ ခုႏွစ္က စတင္ျပဳလုပ္ခဲ့တာျဖစ္ၿပီး အခု ၁၉ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွတကၠသုိလ္မ်ား အားကစားၿပဳိင္ပြဲကိုေတာ့ အားကစားအမ်ဳိးအစား ၁၉ မ်ဳိးအတြက္ ဆုတံဆိပ္ ၂၀၀၀ ေက်ာ္ကို ခ်ီးျမွင့္သြားမွာ ျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲ ဒီဇင်ဘာမှာ ကျင်းပမယ်

(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲ (ASEAN University Games 2018) ကို မြန်မာနိုင်ငံမှာ ပထမအကြိမ် ကျင်းပမည်။ ဒီသတင်းကို MCN သတင်းထောက် သန္တာမိုးက ပေးပို့ထားပါတယ်။

(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ပထမအကြိမ်အဖြစ် ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၁ နိုင်ငံက တက္ကသိုလ်တက်နေတဲ့ ကျောင်းသားတွေက အားကစားအမျိုးအစား ၁၉ မျိုးကို ဝင်ရောက်ယှဉ်ရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်ကျောင်း ၁၆၀ ကျော်က အားကစားသမား ၁၄၇၃ဦး ပါဝင်မှာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့က ရန်ကုန်မြို့ Central Hotel မှာ ၁၉ ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကျင်းပဖို့ရှိနေတာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

Soundbite ဒေါက်တာလှတင့်(ပညာရေးဝန်ကြီးဌာန ပြိုင်ပွဲကျင်းပရေးကော်မတီဝင်)
ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစား

ဒါအပြင် (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲသီချင်းနဲ့အတူ အနုပညာရှင်တွေက ပြိုင်ပွဲမတိုင်ခင် ရန်ကုန်၊ မန္တလေးမြို့တွေက တက္ကသိုလ်ကျောင်းတွေမှာ လှုံ့ဆော် အသိပေးတာတွေလည်း လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။

Soundbite ကိုချမ်းမြေ့ကိုကိုလွင် (Managing Director)
TopBiz Advertising Co.Ltd

အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ၁၉၈၁ ခုနှစ်က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး အခု ၁၉ ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကိုတော့ အားကစားအမျိုးအစား ၁၉ မျိုးအတွက် ဆုတံဆိပ် ၂၀ဝ၀ ကျော်ကို ချီးမြှင့်သွားမှာ ဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)