
0
1175




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဓားနဲ့ခုခံတဲ့ ရဲဘက်ပြေးကို Pump Action သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီး

သတင်းအရ ရဲဘက်ပြေးတစ်ဦးကို သွားရောက်ဖမ်းဆီးရာမှာ ထွက်ပြေးပြီးနောက် ဓားနဲ့ ပြန်ခုခံတဲ့အတွက် Pump Action သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း၊ (၁၀၆) ရပ်ကွက်မှာ အောက်တိုဘာ ၃၀ ရက်နေ့က သတင်းအရ သွားရောက် ဖမ်းဆီးရာမှာ ရဲဘက်ပြေး စိုးကိုကိုဦး (ခ) ချစ်စု (၂၆ နှစ်) က ထွက်ပြေးပြီးနောက် ဓားနဲ့ ပြန်ခုခံနေလို့ သေနတ်နဲ့ ၂ ချက် ပစ်ခတ်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

စိုးကိုကိုဦးဟာ တွံတေးရဲဘက်စခန်းမှ ထွက်ပြေးလာသူဖြစ်ပြီး ဒဂုံမြို့သစ် တောင်ပိုင်း မြို့မရဲစခန်းက ဆက်လက် အရေးယူမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)