ေတာေကာင္ေလးေတြရဲ႕ရင္တြင္းစကားသံ ဂီတေဖ်ာ္ေျဖပြဲ ရန္ကုန္ၿမိဳ႕မွာ က်င္းပမယ္

0
1141

ေတာ႐ုိင္းတိရစာၦန္ထြက္ ပစၥညး္ေတြ ေရာင္းဝယ္ေဖာက္ကားေနျခင္းနဲ႔ တရားဝင္ တားျမစ္ပိတ္ပင္မႈကုိ ႀကိဳဆုိတဲ့အေနနဲ႔ “ေတာေကာင္ေလးေတြရဲ႕ ရင္တြင္းစကားသံ” ဂီတေဖ်ာ္ေျဖပြဲကုိ နုိဝင္ဘာလ ၂ ရက္ေန႔ ရန္ကုန္ၿမိဳ႕ရွိ မဟာဗႏၶဳလပန္းၿခံမွာ က်င္းပမွာ ျဖစ္ပါတယ္။

“ေတာ႐ုိင္းတိရစာၦန္ ထြက္ပစၥည္းေတြ ေရာင္း၀ယ္တာလုံးဝလက္မခံဘူး၊ ဒါဟာ ႀကီးမားတဲ့ ရာဇဝတ္မႈပါ၊ ထိေရာက္စြာ အေရးယူမယ္ဆုိတဲ့ ေၾကညာခ်က္ထြက္ခဲ့ပါတယ္။ ဒါ အေရွ႕ေတာင္ အာရွမွာ ပထမဆုံး တုိင္းေဒသႀကီးတစ္ခု အေနနဲ႔ ထုတ္တဲ့ေၾကညာခ်က္ ျဖစ္ပါတယ္။ အဲဒီအတြက္ ကြ်န္ေတာ္တုိ႔အဖြဲ႕အေနနဲ႔ မ်ားစြာ ဝမ္းေျမာက္မိပါတယ္” လို႔ WWF ျမန္မာ ရဲ႕ ဌာေန ညႊန္ၾကားေရးမွဴး ခရစၥတီးဝီလ်ံက ေျပာပါတယ္။

အဲဒီပြဲေတာ္ကုိ ျမန္မာနုိင္ငံဆိုင္ရာ ၿဗိတိန္နုိင္ငံသံ႐ုံးနဲ႔ ေတာေကာင္ေလးတုိ႔အတြက္ ရင္တြင္းစကားသံ အဖြဲ႕တုိ႔ ပူးေပါငး္ က်င္းပတာလည္းျဖစ္ၿပီး ရန္ကုန္တုိင္း ေဒသႀကီးအတြင္း ေတာ႐ုိင္းတိရစာၦန္ထြက္ ပစၥည္းေတြ၊ ေရာင္းဝယ္ေဖာက္ကားျခင္းနဲ႔ တားျမစ္ခ်က္ေတြကုိ တုိင္းေဒသႀကီးအစုိးရက ၂၀၁၈ ခုႏွစ္ စက္တင္ဘာလအတြင္း တရားဝင္ ထုတ္ျပန္ေၾကညာခဲ့တာကုိ ႀကိဳဆုိတဲ့အေနနဲ႔ အခုလုိ က်င္းပျပဳလုပ္တာ ျဖစ္ပါတယ္။

အဲဒီ ဂီတေဖ်ာ္ေျဖပြဲမွာ ျမန္မာ့႐ုိးရာ ေရႊမ်က္ပါးလႊာ အခ်ပ္ ၂၇၆၀၀ ေက်ာ္နဲ႔ ဖန္တီးထားတဲ့ ဆင္႐ုပ္၊ သင္းေခြခ်ပ္ရုပ္နဲ႔ က်ား႐ုပ္ အစရွိတဲ့ ေရႊေရာင္ အ႐ုပ္ႀကီးသုံးခုကုိ ပုံေဖာ္ျပသထားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ နာမည္ေက်ာ္ အဆုိေတာ္ေတြျဖစ္တဲ့ နီနီခင္ေဇာ္၊ ေက်ာ္သီဟ၊ ေနာေနာ္၊ မီးႏုိနဲ႔ ခ်မ္းခ်မ္း အစရွိတဲ့ အဆုိေတ္ာေတြ ပါဝင္သီဆုိသြားမွာလည္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
တောကောင်လေးတွေရဲ့ရင်တွင်းစကားသံ ဂီတဖျော်ဖြေပွဲ ရန်ကုန်မြို့မှာ ကျင်းပမယ်

တောရိုင်းတိရစ္ဆာန်ထွက် ပစ္စညး်တွေ ရောင်းဝယ်ဖောက်ကားနေခြင်းနဲ့ တရားဝင်တားမြစ်ပိတ်ပင်မှုကို ကြိုဆိုတဲ့အနေနဲ့ “တောကောင်လေးတွေရဲ့ ရင်တွင်းစကားသံ” ဂီတဖျော်ဖြေပွဲကို နိုဝင်ဘာလ ၂ ရက်နေ့ မှာ ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

“တောရိုင်းတိရစ္ဆာန် ထွက်ပစ္စည်းတွေ ရောင်းဝယ်တာလုံးဝလက်မခံဘူး၊ ဒါဟာ ကြီးမားတဲ့ ရာဇဝတ်မှုပါ၊ ထိရောက်စွာ အရေးယူမယ်ဆိုတဲ့ ကြေညာချက်ထွက်ခဲ့ပါတယ်။ ဒါ အရှေ့တောင် အာရှမှာ ပထမဆုံး တိုင်းဒေသကြီးတစ်ခုအနေနဲ့ ထုတ်တဲ့ကြေညာချက် ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့အဖွဲ့အနေနဲ့ များစွာ ဝမ်းမြောက်မိပါတယ်” လို့ WWF မြန်မာ ရဲ့ ဌာနေ ညွှန်ကြားရေးမှူး ခရစ္စတီးဝီလျံက ပြောပါတယ်။

အဲဒီပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံရုံးနဲ့ တောကောင်လေးတို့အတွက် ရင်တွင်းစကားသံအဖွဲ့တို့ ပူးပေါငး်ကျင်းပတာလည်းဖြစ်ပြီး ရန်ကုန်တိုင်ဒေသကြီးအတွင်း တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းတွေ၊ ရောင်းဝယ်ဖောက်ကားခြင်းနဲ့ တားမြစ်ချက်တွေကို တိုင်းဒေသကြီးအစိုးရက ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့တာကို ကြိုဆိုတဲ့အနေနဲ့ အခုလို ကျင်းပပြုလုပ်တာလည်း ဖြစ်ပါတယ်။

အဲဒီ ဂီတဖျော်ဖြေပွဲမှာ မြန်မာ့ရိုးရာ ရွှေမျက်ပါးလွှာ အချပ် ၂၇၆၀ဝ ကျော်နဲ့ ဖန်တီးထားတဲ့ ဆင်ရုပ် သင်းခွေချပ် ရုပ်နဲ့ ကျားရုပ် အစရှိတဲ့ ရွှေရောင်အရုပ်ကြီးသုံးခုကို ပုံဖော်ပြသထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကျော် အဆိုတော်တွေဖြစ်တဲ့ နီနီခင်ဇော်၊ ကျော်သီဟ၊ နောနော်၊ မီးနိုနဲ့ချမ်းချမ်း အစရှိတဲ့ အဆိုတော်တွေ ပါဝင်သီဆိုသွားမှာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)