၂၀၁၈ ကမာၻလုံးဆုိင္ရာ စြန္႔ဦးတီထြင္ရက္သတၱပတ္ ျမန္မာနုိင္ငံတစ္ဝန္းမွာ က်င္းပမယ္

0
1055

၂၀၁၈ ခုႏွစ္အတြက္ ကမာၻလုံးဆုိင္ရာ စြန္႔ဦးတီထြင္ ရက္သတၱပတ္ကုိ ျမန္မာႏုိင္ငံတစ္ဝန္းရွိ ၿမိဳ႕ေတြမွာ က်ငး္ပသြားဖုိ႔ စီစဥ္ထားေၾကာင္း ေအာက္တုိဘာလ ၃၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ကုန္သည္စက္မႈ အသင္းခ်ဳပ္မွာ ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲကမွာ ျမန္မာနိုင္ငံ လူငယ္စြန္႔ဦးတီထြင္ လုပ္ငန္းရွင္မ်ားအသင္းက ေျပာပါတယ္။

ေဒသတြင္းမွာရွိတဲ့ ေအာင္ျမင္ၿပီး စီးပြားေရး လုပ္ငန္းရွင္ေတြကုိ ဖိတ္ေခၚၿပီး သူတို႔ေအာင္ျမင္မႈရရွိဖို႔ ဘယ္လုိ ျဖတ္သန္းခဲ့သလဲဆုိတဲ့ အေတြ႕အႀကံဳေတြကုိ လူငယ္ေတြထံ မ်ွေဝသြားမွာ ျဖစ္တယ္လုိ႔ ျမန္မာႏုိင္ငံ လူငယ္စြန္႔ဦးတီထြင္ လုပ္ငနး္ရွင္မ်ားအသင္း တာဝန္ရွိသူ ေဒါက္တာ ေအာင္ျမတ္လြင္က ေျပာပါတယ္။

အဲဒီ စြန္႔ဦးတီထြင္ရက္သတၱပတ္ပြဲကုိ လာမယ့္ ႏုိဝင္ဘာလ ၁၂ရက္ေန႔က ၁၈ ရက္ေန႔အထိ ကမာၻလုံးဆုိင္ရာ စြန္႔ဦးတီထြင္ ရက္သတၱပတ္မွာ တနသၤာရီတုိင္ေဒသႀကီးကလြဲၿပီး ေဒသအသီးသီးရွိ စြန္႔ဦးတီထြင္သူေတြအတြက္ ဘ႑ာေငြ စီမံခန္႔ခဲြမႈဆုိင္ရာ သင္တန္းေတြနဲ႔ ေဒသတြင္းထုတ္ကုန္ေတြ တုိးခ်ဲ႔ထုတ္လုပ္နုိင္ေစ ဖို႔သာမက အသိပညာေပးမႈေတြ၊ ေစ်းကြက္ရွာေဖြ ခ်ိတ္ဆက္မႈဆုိင္ရာ နည္းလမ္းေတြနဲ႔ ပညာရွင္ေတြရဲ႕ ေစ်းကြက္စီးပြားေရးဆုိင္ရာ ေဟာေျပာေဆြးေႏြးမႈေတြကုိ ထည့္သြင္းလုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

ကမာၻလုံးဆုိင္ရာ စြန္႔ဦးတီထြင္ ရက္သတၱပတ္ကုိ ၂၀၀၇ ခုႏွစ္ကစတင္ၿပီး ကမာၻ႔နုိင္ငံေပါင္း ၃၇ ႏုိင္ငံမွာ စတင္က်င္းပခဲ့ၿပီး လက္ရွိကာလမွာ ႏုိင္ငံေပါင္း ၁၂၅ ႏုိင္ငံတုိ႔မွာ ႏွစ္စဥ္ က်င္းပေနတာျဖစ္ၿပီး ျမန္မာႏုိင္ငံအေနနဲ႔လည္း ၂၀၁၃ ခုႏွစ္မွာ စတင္က်င္းပခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၈ ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်ရက်သတ္တပတ် မြန်မာနိုင်ငံတစ်ဝန်းမှာ ကျင်းပမယ်

၂၀၁၈ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်ရက်သတ္တပတ်ကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့တွေမှာ ကျငး်ပသွားဖို့ စီစဉ်ထားကြောင်း အောက်တိုဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကမှာ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

ဒေသတွင်းမှာရှိတဲ့ အောင်မြင်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး သူတို့အောင်မြင်မှုရရှိဖို့ ဘယ်လို ဖြတ်သန်းခဲ့သလဲဆိုတဲ့ အတွေ့အကြုံတွေကို လူငယ်တွေထံ မျှဝေသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငနး်ရှင်များအသင်း တာဝန်ရှိသူ ဒေါက်တာ အောင်မြတ်လွင်က ပြောပါတယ်။

အဲဒီ စွန့်ဦးတီထွင်ရက်သတ္တပတ်ပွဲကို လာမယ့် နိုဝင်ဘာလ ၁၂ရက်နေ့က ၁၈ ရက်နေ့အထိ ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပတ်မှာ တနင်္သာရီတိုင်ဒေသကြီးကလွဲပြီး ဒေသအသီးသီးရှိ စွန့်ဦးတီထွင်သူတွေအတွက် ဘဏ္ဍာငွေ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းတွေနဲ့ ဒေသတွင်းထုတ်ကုန်တွေ တိုးချဲ့ထုတ်လုပ်နိုင်စေ ဖို့သာမက အသိပညာပေးမှုတွေ၊ ဈေးကွက်ရှာဖွေ ချိတ်ဆက်မှုဆိုင်ရာ နည်းလမ်းတွေနဲ့ ပညာရှင်တွေရဲ့ ဈေးကွက်စီးပွားရေးဆိုင်ရာ ဟောပြောဆွေးနွေးမှုတွေကို ထည့်သွင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပတ်ကို ၂၀ဝ၇ ခုနှစ်ကစတင်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၃၇ နိုင်ငံမှာ စတင်ကျင်းပခဲ့ပြီး လက်ရှိကာလမှာ နိုင်ငံပေါင်း ၁၂၅ နိုင်ငံတို့မှာ နှစ်စဉ် ကျင်းပနေတာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့လည်း ၂၀၁၃ ခုနှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)