EU ရဲ႕ ကုန္သြယ္ေရး ပိတ္ဆို႔ အေရးယူမႈကို ကန္႔ကြက္တယ္လို႔ ကာဒီနယ္ ခ်ားလ္ ေမာင္ဘို ေျပာ

0
223

ျမန္မာႏိုင္ငံရဲ႕ ပထမဆံုး ကာဒီနယ္ျဖစ္တဲ့ ခ်ားလ္ ေမာင္ဘိုက ဥေရာပ သမဂၢ (EU) ရဲ႕ ကုန္သြယ္ေရးဆိုင္ရာ ပိတ္ဆို႔အေရးယူမႈဟာ ျမန္မာျပည္သူေတြအတြက္ စီးပြားေရး တရားမွ်တမႈ မရွိတာကိုသာ ေသခ်ာေပါက္ ျဖစ္ေစလိမ့္မယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ဥေရာပသမဂၢ ကုန္သြယ္မႈအခြင့္အေရး စိစစ္ေလ့လာေရးအဖြဲ႔ဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံကို ခြင့္ျပဳထားတဲ့ ကုန္သြယ္မႈ အထူးခံစားခြင့္ (GSP) ကို ႐ုပ္သိမ္းသင့္သလား ဆိုတာကို လာေရာက္ေလ့လာေနပါတယ္။

ျမန္မာႏိုင္ငံအေပၚ ပိတ္ဆို႔အေရးယူမႈ၊ ကုန္သြယ္ေရး ရပ္ဆိုင္းတာေတြကို လံုးဝ ဆန္႔က်င္ေၾကာင္း၊ အေတြ႔အႀကံဳေတြအရ အဲဒီလို အေရးယူမႈမ်ိဳးဟာ အဆင္းရဲဆံုး ျပည္သူေတြကိုသာ အႏၱရာယ္ ေပးမွာျဖစ္ေၾကာင္း၊ ခ်မ္းသာၿပီး အာဏာရွိသူေတြက ဘာမွမျဖစ္ဘဲ ဆင္းရဲႏြမ္းပါးသူေတြသာ ဆိုးက်ိဳးခံစားရမွာ ျဖစ္ေၾကာင္း ကာဒီနယ္ ခ်ားလ္ ေမာင္ဘိုက ေျပာပါတယ္။

အေနာက္ႏိုင္ငံေတြရဲ႕ အျမင္ေတြ၊ ေဝဖန္မႈေတြဟာ အစိုးရနဲ႔ တပ္မေတာ္၊ အထူးသျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႏိုင္ငံအတြက္ ၿငိမ္းခ်မ္းေရး တည္ေဆာက္မႈကို အခက္အခဲ ျဖစ္ေစေၾကာင္းလည္း ကာဒီနယ္ ခ်ားလ္ ေမာင္ဘိုက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

EU ရဲ့ ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုကို ကန့်ကွက်တယ်လို့ ကာဒီနယ် ချားလ် မောင်ဘို ပြော

မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ်ဖြစ်တဲ့ ချားလ် မောင်ဘိုက ဥရောပ သမဂ္ဂ (EU) ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုဟာ မြန်မာပြည်သူတွေအတွက် စီးပွားရေး တရားမျှတမှု မရှိတာကိုသာ သေချာပေါက် ဖြစ်စေလိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ဥရောပသမဂ္ဂ ကုန်သွယ်မှုအခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ခွင့်ပြုထားတဲ့ ကုန်သွယ်မှု အထူးခံစားခွင့် (GSP) ကို ရုပ်သိမ်းသင့်သလား ဆိုတာကို လာရောက်လေ့လာနေပါတယ်။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု၊ ကုန်သွယ်ရေး ရပ်ဆိုင်းတာတွေကို လုံးဝ ဆန့်ကျင်ကြောင်း၊ အတွေ့အကြုံတွေအရ အဲဒီလို အရေးယူမှုမျိုးဟာ အဆင်းရဲဆုံး ပြည်သူတွေကိုသာ အန္တရာယ် ပေးမှာဖြစ်ကြောင်း၊ ချမ်းသာပြီး အာဏာရှိသူတွေက ဘာမှမဖြစ်ဘဲ ဆင်းရဲနွမ်းပါးသူတွေသာ ဆိုးကျိုးခံစားရမှာ ဖြစ်ကြောင်း ကာဒီနယ် ချားလ် မောင်ဘိုက ပြောပါတယ်။

အနောက်နိုင်ငံတွေရဲ့ အမြင်တွေ၊ ဝေဖန်မှုတွေဟာ အစိုးရနဲ့ တပ်မတော်၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံအတွက် ငြိမ်းချမ်းရေး တည်ဆောက်မှုကို အခက်အခဲ ဖြစ်စေကြောင်းလည်း ကာဒီနယ် ချားလ် မောင်ဘိုက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)