ႏုိင္ငံတကာမီဒီယာအားကုိ အသုံးခ်ၿပီး တစ္ဖက္သတ္စြပ္စြဲေျပာဆိုခံေနရဟုဆို

0
438

ရခုိင္ျပည္နယ္က အစြန္းေရာက္ အၾကမ္းဖက္လုပ္ရပ္ေတြကုိ ျမန္မာႏုိင္ငံ အစုိးရနဲ႔ တပ္မေတာ္က ဥပေဒနဲ႔ အညီ မွန္ကန္စြာ ေျဖရွင္း      လုပ္ေဆာင္ေနေပမယ့္ မွားယြင္းတဲ့ လုပ္ရပ္ေတြအျဖစ္ ထင္ျမင္လာေအာင္ ႏုိင္ငံတကာ မီဒီယာအားကုိ အသုံးခ်ၿပီး တစ္ဖက္သတ္          စြပ္စြဲေျပာဆုိေနမႈေတြ ရွိတယ္လို႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာၾကားလိုက္ပါတယ္။

ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ဂ်ပန္ႏုိင္ငံ အထက္လႊတ္ေတာ္ အမတ္ေဟာင္းျဖစ္သလို     ဂ်ပန္-ျမန္မာခ်စ္ၾကည္ေရးအသင္း ဥကၠ႒ ျဖစ္သူ Mr. Hideo WATANABE ကို ႏို၀င္ဘာလ ၁ ရက္ေန႔ ေန႔ခင္းက ေနျပည္ေတာ္ရွိ       ဘုရင့္ေနာင္ရိပ္သာမွာ လက္ခံေတြ႔ဆံုစဥ္ ေျပာၾကားလိုက္တာပါ။

အဲ့ဒီလိုေျပာၾကားရာမွာေတာ့ ရခုိင္ျပည္နယ္အေရးကိစၥနဲ႔ ပတ္သက္ၿပီး အေျခအေနမွန္ေတြကုိ ႏုိင္ငံတကာက မွန္ကန္စြာ သိရွိဖို႔ လိုအပ္တယ္လို႔လည္း ေျပာၾကားထားတာပါ။

ဒါအျပင္ ကမၻာ့ႏုိင္ငံေခါင္းေဆာင္ေတြ အေနနဲ႔လည္း အေျခအေနမွန္ကုိ သိရွိဖို႔ ပုိမုိလုိအပ္တယ္လို႔လည္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံတကာမီဒီယာအားကို အသုံးချပြီး တစ်ဖက်သတ်စွပ်စွဲပြောဆိုခံနေရဟုဆို

ရခိုင်ပြည်နယ်က အစွန်းရောက် အကြမ်းဖက်လုပ်ရပ်တွေကို မြန်မာနိုင်ငံ အစိုးရနဲ့ တပ်မတော်က ဥပဒေနဲ့ အညီ မှန်ကန်စွာ ဖြေရှင်းလုပ်ဆောင်နေပေမယ့် မှားယွင်းတဲ့ လုပ်ရပ်တွေအဖြစ် ထင်မြင်လာအောင် နိုင်ငံ တကာမီဒီယာအားကို အသုံးချပြီး တစ်ဖက်သတ်စွပ်စွဲပြောဆိုနေမှုတွေ ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်နိုင်ငံ အထက်လွှတ်တော် အမတ်ဟောင်းဖြစ်သလို ဂျပန်-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဖြစ်သူ Mr. Hideo WATANABE ကို နိုဝင်ဘာလ ၁ ရက်နေ့ နေ့ခင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ လက်ခံတွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။

အဲ့ဒီလိုပြောကြားရာမှာတော့ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး အခြေအနေမှန်တွေကို နိုင်ငံတကာက မှန်ကန်စွာ သိရှိဖို့ လိုအပ်တယ်လို့လည်း ပြောကြားထားတာပါ။

ဒါအပြင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ အနေနဲ့လည်း အခြေအနေမှန်ကို သိရှိဖို့ ပိုမိုလိုအပ်တယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)