
0
379





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြည်ပနိုင်ငံအချို့ ဘက်လိုက်အကာအကွယ် ရပ်တည်နေ

ပြည်ပနိုင်ငံအချို့ ဘက်လိုက်အကာအကွယ် ရပ်တည်နေရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံအချို့ဟာ လူသား မျိုးနွယ်တစ်စုအတွက်သာ ဘက်လိုက်အကာအကွယ် ရပ်တည်နေတယ်လို့ မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (MECA) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ ရက်စွဲနဲ့ မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ် (Myanmar Evangelical Christian Alliance) MECA က သဘောထားထုတ်ပြန် ကြေညာလိုက်တာပါ။

အဲ့ဒီသဘောထား ထုတ်ပြန်ချက်ကို အောက်တိုဘာလ ၂၅ ရက်နေ့ကတည်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ကြေညာလိုက်တာလဲ ဖြစ်ပါတယ်။

ဒီထဲမှာတော့ ပြည်ပနိုင်ငံအချို့အနေနဲ့ တစ်ဖက်သတ် တားဆီးပိတ်ပင် နှောင့်ယှက်မှုတွေကြောင့်  မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ရဲ့ ခံစားပိုင်ခွင့် လူ့အခွင့်အရေးတို့ကို များစွာ နှောင့်ယှက်တားဆီး ပိတ်ပင်စေတယ်လို့လည်း ထုတ်ဖော်ပြောကြားထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)