အေရခြံခြာယူဖို႔ တစ္ပတ္ကို တစ္ေကာင္ႏႈန္း ေတာဆင္႐ိုင္းေတြ အသတ္ခံရ

0
458

ျမန္မာႏိုင္ငံမွာ အေရခြံခြာယူဖို႔ ေတာဆင္႐ိုင္းေတြဟာ တစ္ပတ္ကို တစ္ေကာင္ႏႈန္း သတ္ျဖတ္ခံေနရၿပီး အဲဒီႏႈန္းအတိုင္း ဆက္သြားေနပါက ႏွစ္အနည္းငယ္အတြင္း ေတာဆင္႐ိုင္းေတြ ေပ်ာက္ကြယ္ သြားႏိုင္ပါတယ္။

အဲဒီ အေျခအေနကို ကာကြယ္တားဆီးႏိုင္ဖို႔ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းတဲ့ အဖြဲ႔အစည္း ေျခာက္ခုဟာ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာနရဲ႕ ျမန္မာ့ဆင္ ထိန္းသိမ္းေရး လုပ္ငန္းအစီအစဥ္ (MECAP) ကို အေထာက္အကူ ျပဳဖို႔ Voices for MOMOS (ျမန္မာ့ဆင္မ်ားအတြက္ ရင္တြင္းစကားသံ) လႈပ္ရွားမႈကို စတင္လိုက္ေၾကာင္း ႏိုဝင္ဘာ ၁ ရက္ေန႔ ေန႔စြဲနဲ႔ ထုတ္ျပန္ထားပါတယ္။

Voices for MOMOS လႈပ္ရွားမႈမွာ ပါဝင္တဲ့ အဖြဲ႔ေတြကေတာ့ ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးအသင္း (BANCA)၊ ႏိုင္ငံတကာ ေတာ႐ိုင္းတိရစၧာန္ႏွင့္ အပင္ ထိန္းသိမ္းေရးအဖြဲ႔ (FFI) ျမန္မာ၊ ေတာ႐ိုင္းတိရစၧာန္ ထိန္းသိမ္းေရး မိတ္ေဆြမ်ားအသင္း (FoW)၊ Grow Back for Posterity (GBP)၊ သားငွက္ထိန္းသိမ္းေရးအဖြဲ႔ (WCS)၊ ကမာၻလုံးဆိုင္ရာ သဘာဝပတ္ဝန္းက်င္ ရန္ပုံေငြအဖြဲ႔ (WWF) တို႔ ျဖစ္ပါတယ္။
………………….. ။ ။ ………………………

အရေခွံခွာယူဖို့ တစ်ပတ်ကို တစ်ကောင်နှုန်း တောဆင်ရိုင်းတွေ အသတ်ခံရ

မြန်မာနိုင်ငံမှာ အရေခွံခွာယူဖို့ တောဆင်ရိုင်းတွေဟာ တစ်ပတ်ကို တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရပြီး အဲဒီနှုန်းအတိုင်း ဆက်သွားနေပါက နှစ်အနည်းငယ်အတွင်း တောဆင်ရိုင်းတွေ ပျောက်ကွယ် သွားနိုင်ပါတယ်။

အဲဒီ အခြေအနေကို ကာကွယ်တားဆီးနိုင်ဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ အဖွဲ့အစည်း ခြောက်ခုဟာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ မြန်မာ့ဆင် ထိန်းသိမ်းရေး လုပ်ငန်းအစီအစဉ် (MECAP) ကို အထောက်အကူ ပြုဖို့ Voices for MOMOS (မြန်မာ့ဆင်များအတွက် ရင်တွင်းစကားသံ) လှုပ်ရှားမှုကို စတင်လိုက်ကြောင်း နိုဝင်ဘာ ၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Voices for MOMOS လှုပ်ရှားမှုမှာ ပါဝင်တဲ့ အဖွဲ့တွေကတော့ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း (BANCA)၊ နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့် အပင် ထိန်းသိမ်းရေးအဖွဲ့ (FFI) မြန်မာ၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး မိတ်ဆွေများအသင်း (FoW)၊ Grow Back for Posterity (GBP)၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) တို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)