
0
391



…………………. ။ ။ …………………….

ကြေးမုံသတင်းစာတိုက်မှာ ဌာနပိုင်ငွေ အလွဲသုံးစားပြု ဖျောက်ဖျက်ဖို့ ကြံစည်

ရန်ကုန်မြို့ရှိ ကြေးမုံသတင်းစာတိုက်မှာ အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက ဝန်ထမ်းတစ်ဦး ဌာနပိုင်ငွေ အလွဲသုံးစားပြုကာ အစဖျောက်ဖို့ ကြံစည်ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

ကြေးမုံသတင်းစာတိုက် ဝင်ငွေလက်ခံသူ ငွေကိုင်ဝန်ထမ်း ဒေါ်ဖြူဖြူဝင်းဟာ အဲဒီနေ့က လက်ခံရရှိငွေတွေကို အလွဲသုံးစား ရယူပြီးနောက် ညနေ ၈ နာရီခန့်မှာ ဌာန မီးခံသေတ္တာအတွင်း ၅၀ဝ တန် ငွေစက္ကူတချို့နဲ့ ငွေစက္ကူအရွယ် စက္ကူဖြတ်စ အထုပ်တွေကို ထည့်သွင်းကာ မီးရှို့ဖို့ ကြံစည်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ကြံစည်လုပ်ဆောင်နေစဉ် အတွင်း ဝန်ထမ်းတွေက တွေ့ရှိပြီး ဌာနတာဝန်ရှိသူက မီးခံသေတ္တာကို စစ်ဆေးရာမှာ ငွေစက္ကူတချို့ ပျက်စီးနေတဲ့အတွက် ဌာနပိုင်ငွေ ဖျောက်ဖျက်ရန် ကြံစည်မှုနဲ့ ပုဇွန်တောင်မြိုကနယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)