ကုမၸဏီပိုင္ေငြ သိန္း ၁၄၀၀ ေက်ာ္ကို ကားနဲ႔ ယူေျပးတဲ့ ယာဥ္ေမာင္း ဖမ္းမိ

0
431

ကားေပၚပါ Diamond Dragon ကုမၸဏီပိုင္ေငြ က်ပ္သိန္း ၁၄၀၀ ေက်ာ္ကို ေမာင္းယူထြက္ေျပးသြားတဲ့ ယာဥ္ေမာင္းဝန္ထမ္းကို ရန္ကုန္တိုင္း ရဲတပ္ဖြဲ႔က ၇ ရက္အတြင္း ဖမ္းဆီးလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၄ ရက္ေန႔က ကုမၸဏီယာဥ္ေမာင္း ေက်ာ္ဇင္ဦး (၃၀ ႏွစ္) နဲ႔ အတူ ေငြထိန္းဝန္ထမ္း မယြန္းျဖဴ၊ မဇင္မာလြင္တို႔ ဘဏ္ ငါးခုကေန စားအုန္းဆီဖိုးေငြေတြ ထုတ္ယူၿပီး ကားေပၚတင္ကာ မရမ္းကုန္းရွိ ဘဏ္တစ္ခုကို ဆက္သြားခဲ့ပါတယ္။ ကားရပ္ဖို႔ ေနရာလြတ္ မရွိတဲ့အတြက္ မယြန္းျဖဴနဲ႔ မဇင္မာလြင္တို႔က ဘဏ္မွာ ေငြသြားထုတ္ၿပီး ျပန္လာစဥ္ ေက်ာ္ဇင္ဦးက ေငြေရာ ယာဥ္ပါ ေမာင္းယူထြက္ေျပးသြားတာ ျဖစ္ပါတယ္။

ေက်ာ္ဇင္ဦး ခိုးယူေမာင္းႏွင္သြားတဲ့ ကားကိုေတာ့ အင္းစိန္ၿမိဳ႕နယ္၊ ေရႊျပည္သာ တံတားအဆင္းနဲ႔ ၁၄ လမ္းဆံုၾကား ျမဧရာ တိုက္တန္းေရွ႕မွာ ရပ္ထားတာ ေတြ႔ရွိခဲ့ရပါတယ္။

ေက်ာ္ဇင္ဦး သြားလာတတ္တဲ့ ေနရာေတြမွာ ေစာင့္ၾကည့္စံုစမ္းေနခဲ့ရာမွာ လိႈင္သာယာၿမိဳ႕နယ္၊ ေရဥကၠံေက်းရြာအုပ္စု၊ စက္မႈဇုန္ (၃) ရွိ အေဆာင္မွာ ငွားရမ္းေနထိုင္တဲ့ ေက်ာ္ဇင္ဦးဟာ ေအာက္တိုဘာ ၃၁ ရက္ မနက္ ၅ နာရီေက်ာ္မွာ အေဆာင္ကို ျပန္လာခဲ့ပါတယ္။ ေက်ာ္ဇင္ဦးကို ဖမ္းဆီးၿပီး အေဆာင္တြင္း ရွာေဖြရာမွာ ခိုးယူလာတဲ့ ေငြေတြကို သံေသတၱာ၊ လက္ဆြဲအိတ္ေတြနဲ႔ ခြဲဝွက္ထားၿပီး က်ပ္ ၁၂၉၁ သိန္းကို ျပန္လည္ သိမ္းဆည္းရမိခဲ့ပါတယ္။
…………………… ။ ။ ………………………

ကုမ္ပဏီပိုင်ငွေ သိန်း ၁၄၀ဝ ကျော်ကို ကားနဲ့ ယူပြေးတဲ့ ယာဉ်မောင်း ဖမ်းမိ

ကားပေါ်ပါ Diamond Dragon ကုမ္ပဏီပိုင်ငွေ ကျပ်သိန်း ၁၄၀ဝ ကျော်ကို မောင်းယူထွက်ပြေးသွားတဲ့ ယာဉ်မောင်းဝန်ထမ်းကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ၇ ရက်အတွင်း ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က ကုမ္ပဏီယာဉ်မောင်း ကျော်ဇင်ဦး (၃၀ နှစ်) နဲ့ အတူ ငွေထိန်းဝန်ထမ်း မယွန်းဖြူ၊ မဇင်မာလွင်တို့ ဘဏ် ငါးခုကနေ စားအုန်းဆီဖိုးငွေတွေ ထုတ်ယူပြီး ကားပေါ်တင်ကာ မရမ်းကုန်းရှိ ဘဏ်တစ်ခုကို ဆက်သွားခဲ့ပါတယ်။ ကားရပ်ဖို့ နေရာလွတ် မရှိတဲ့အတွက် မယွန်းဖြူနဲ့ မဇင်မာလွင်တို့က ဘဏ်မှာ ငွေသွားထုတ်ပြီး ပြန်လာစဉ် ကျော်ဇင်ဦးက ငွေရော ယာဉ်ပါ မောင်းယူထွက်ပြေးသွားတာ ဖြစ်ပါတယ်။

ကျော်ဇင်ဦး ခိုးယူမောင်းနှင်သွားတဲ့ ကားကိုတော့ အင်းစိန်မြို့နယ်၊ ရွှေပြည်သာ တံတားအဆင်းနဲ့ ၁၄ လမ်းဆုံကြား မြဧရာ တိုက်တန်းရှေ့မှာ ရပ်ထားတာ တွေ့ရှိခဲ့ရပါတယ်။

ကျော်ဇင်ဦး သွားလာတတ်တဲ့ နေရာတွေမှာ စောင့်ကြည့်စုံစမ်းနေခဲ့ရာမှာ လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာအုပ်စု၊ စက်မှုဇုန် (၃) ရှိ အဆောင်မှာ ငှားရမ်းနေထိုင်တဲ့ ကျော်ဇင်ဦးဟာ အောက်တိုဘာ ၃၁ ရက် မနက် ၅ နာရီကျော်မှာ အဆောင်ကို ပြန်လာခဲ့ပါတယ်။ ကျော်ဇင်ဦးကို ဖမ်းဆီးပြီး အဆောင်တွင်း ရှာဖွေရာမှာ ခိုးယူလာတဲ့ ငွေတွေကို သံသေတ္တာ၊ လက်ဆွဲအိတ်တွေနဲ့ ခွဲဝှက်ထားပြီး ကျပ် ၁၂၉၁ သိန်းကို ပြန်လည် သိမ်းဆည်းရမိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)