ဘ႑ာေရးႏွစ္ ပိုင္းျခားသတ္မွတ္မႈ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္က စတင္ ေျပာင္းလဲ က်င့္သံုးမယ္

0
343

ျမန္မာႏိုင္ငံရဲ႕ ဘ႑ာေရးႏွစ္ ပိုင္းျခားသတ္မွတ္မႈကို လာမယ့္ ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္က စတင္ၿပီး ေျပာင္းလဲ က်င့္သံုးဖို႔ ျပည္ေထာင္စုလႊတ္ေတာ္က ဆံုးျဖတ္လိုက္ပါတယ္။

ေအာက္တိုဘာလ ၃၁ ရက္ေန႔က က်င္းပတဲ့ ျပည္ေထာင္စု လႊတ္ေတာ္အစည္းအေ၀းမွာ ျပည္ေထာင္စုလႊတ္ေတာ္ နာယက မန္း၀င္းခိုင္သန္း အဲ့ဒီလို ဆံုးျဖတ္ေၾကာင္း ေၾကညာလိုက္တာပါ။

အဲ့ဒီလို ဆံုးျဖတ္ရာမွာေတာ့ လက္တေလာအေနနဲ႔ ႏိုင္ငံေတာ္သမၼတထံက ေပးပို႔လာတဲ့ ျမန္မာႏိုင္ငံရဲ႕ ဘ႑ာေရးႏွစ္ေျပာင္းလဲ ျပင္ဆင္ သတ္မွတ္မယ့္ ကိစၥရပ္နဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုအဆင့္ ၀န္ႀကီးေတြနဲ႔ ကိုယ္စားလွယ္ေတြရဲ႕ ေဆြးေႏြးမႈေတြကို ျပည္ေထာင္စုလႊတ္ေတာ္က မွတ္တမ္း တင္ထားရွိခဲ့တာပါ။

အခု ေျပာင္းလဲက်င့္သံုးဖို႔ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳဆံုးျဖတ္လိုက္တဲ့ ဘ႑ာေရးႏွစ္ ပိုင္းျခား သတ္မွတ္မႈအရ ေအာက္တိုဘာ ၁ ရက္ကေန စက္တင္ဘာ ၃၀ ရက္အထိ ရွိလာမွာပါ။ လက္ရွိ အေျခအေနမွာေတာ့ ဧၿပီ ၁ ရက္ေန႔ကေန မတ္ ၃၁ ရက္ အထိကို ဘ႑ာေရးႏွစ္အျဖစ္ သတ္မွတ္က်င့္သံုးေနတာျဖစ္ပါတယ္။
………………….. ။ ။ ……………………

ဘဏ္ဍာရေးနှစ် ပိုင်းခြားသတ်မှတ်မှု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က စတင် ပြောင်းလဲ ကျင့်သုံးမယ်

မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ပိုင်းခြားသတ်မှတ်မှုကို လာမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က စတင်ပြီး ပြောင်းလဲ ကျင့်သုံးဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း အဲ့ဒီလို ဆုံးဖြတ်ကြောင်း ကြေညာလိုက်တာပါ။

အဲ့ဒီလို ဆုံးဖြတ်ရာမှာတော့ လက်တလောအနေနဲ့ နိုင်ငံတော်သမ္မတထံက ပေးပို့လာတဲ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ်ပြောင်းလဲ ပြင်ဆင် သတ်မှတ်မယ့် ကိစ္စရပ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်း တင်ထားရှိခဲ့တာပါ။

အခု ပြောင်းလဲကျင့်သုံးဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်တဲ့ ဘဏ္ဍာရေးနှစ် ပိုင်းခြား သတ်မှတ်မှုအရ အောက်တိုဘာ ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အထိ ရှိလာမှာပါ။ လက်ရှိ အခြေအနေမှာတော့ ဧပြီ ၁ ရက်နေ့ကနေ မတ် ၃၁ ရက် အထိကို ဘဏ္ဍာရေးနှစ်အဖြစ် သတ်မှတ်ကျင့်သုံးနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)