
0
463



………………… ။ ။ ………………….
လူငယ်ဆိုင်ရာ ပြည်သူ့စကားဝိုင်း ကျင်းပမယ်

ပြည်သူ့စကားဝိုင်း (Public Talk) တွေကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ရန်ကုန်တက္ကသိုလ်ရှိ Recreation Centre မှာ ကျင်းပမှာ ဖြစ်ပြီး စိတ်ဝင်စားသူ ဘယ်သူမဆို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

“လူငယ်နှင့် လူမှုမီဒီယာ” ခေါင်းစဉ်နဲ့ ပြည်သူ့စကားဝိုင်းကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဒု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင်၊ Information Matrix ရဲ့ CEO ဦးသောင်းစုငြိမ်း၊ The Door Institute and Social Enterprise က CEO လူငယ်ကိုယ်စားလှယ် ဦးရန်နိုင်ဦး တို့ ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။

“လူငယ်နှင့် အလုပ်အကိုင်အခွင့်အလမ်း” ခေါင်းစဉ်နဲ့ ပြည်သူ့စကားဝိုင်းကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး ရန်ကုန်တိုင်း ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုး၊ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ ဒု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင်၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်း၊ JPE Everest ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီက ဦးဝင်းနိုင်၊ 7 HR Business Group and Two Four DMA Media Group ရဲ့ CEO နဲ့ အယ်ဒီတာချုပ် ဦးသန်းစိုးတို့က ပါဝင်ဆွေးနွေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)