ၿငိမ္းခ်မ္းေရး ဂီတပြဲေတာ္ လက္ေရြးစင္ အဆိုရွင္ ၁၁ ဦးနဲ႔ မီဒီယာ မိတ္ဆက္

0
393

ၿငိမ္းခ်မ္းေရး ဂီတပြဲေတာ္ လက္ေရြးစင္ အဆိုရွင္ ၁၁ ဦးကို မီဒီယာနဲ႔ မိတ္ဆက္ပြဲအား မေန႔က ေအာက္တိုဘာ ၃၁ ရက္ေန႔ ရန္ကုန္ၿမိဳ႕ရွိ ျမန္မာ့အသံ စတူဒီယိုခန္းမမွာ က်င္းပပါတယ္။

ၿငိမ္းခ်မ္းေရး ဂီတပြဲေတာ္ကို ျပန္ၾကားေရး ဝန္ႀကီးဌာနရဲ႕ ႀကီးၾကပ္မႈနဲ႔ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားက က်င္းပေနတာ ျဖစ္ပါတယ္။

ေရြးခ်ယ္ခံရတဲ့ လက္ေရြးစင္ ၁၁ ဦးကေတာ့ စလား (ျမစ္ႀကီးနား)၊ ဇင္သူဇာထြန္း (ပုသိမ္)၊ ျဖဴလွ (စစ္ေတြ)၊ လင္းသစ္ (ပုသိမ္)၊ ေမသဇင္ (ရန္ကုန္)၊ ဖုန္းေဝသြင္ (ရန္ကုန္)၊ Sa Paung (ဘားအံ)၊ A ေဒး (ေတာင္ႀကီး)၊ ၾကဴၾကဴခိုင္ (ကေလး)၊ ေမသူေက်ာ္ (ရန္ကုန္) နဲ႔ R ဝါလင္း (ရန္ကုန္) တို႔ ျဖစ္ပါတယ္။
အဆင့္ (၃) ၿပိဳင္ပြဲရဲ႕ ပြဲစဥ္ (၁) ကို လာမယ့္ ႏိုဝင္ဘာ ၅ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပမွာ ျဖစ္ၿပီး မိမိႀကိဳက္ႏွစ္သက္ရာ သီခ်င္းတစ္ပုဒ္နဲ႔ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။
…………………. ။ ။ ……………………

ငြိမ်းချမ်းရေး ဂီတပွဲတော် လက်ရွေးစင် အဆိုရှင် ၁၁ ဦးနဲ့ မီဒီယာ မိတ်ဆက်

ငြိမ်းချမ်းရေး ဂီတပွဲတော် လက်ရွေးစင် အဆိုရှင် ၁၁ ဦးကို မီဒီယာနဲ့ မိတ်ဆက်ပွဲအား မနေ့က အောက်တိုဘာ ၃၁ ရက်နေ့ ရန်ကုန်မြို့ရှိ မြန်မာ့အသံ စတူဒီယိုခန်းမမှာ ကျင်းပပါတယ်။

ငြိမ်းချမ်းရေး ဂီတပွဲတော်ကို ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ကျင်းပနေတာ ဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ လက်ရွေးစင် ၁၁ ဦးကတော့ စလား (မြစ်ကြီးနား)၊ ဇင်သူဇာထွန်း (ပုသိမ်)၊ ဖြူလှ (စစ်တွေ)၊ လင်းသစ် (ပုသိမ်)၊ မေသဇင် (ရန်ကုန်)၊ ဖုန်းဝေသွင် (ရန်ကုန်)၊ Sa Paung (ဘားအံ)၊ A ဒေး (တောင်ကြီး)၊ ကြူကြူခိုင် (ကလေး)၊ မေသူကျော် (ရန်ကုန်) နဲ့ R ဝါလင်း (ရန်ကုန်) တို့ ဖြစ်ပါတယ်။
အဆင့် (၃) ပြိုင်ပွဲရဲ့ ပွဲစဉ် (၁) ကို လာမယ့် နိုဝင်ဘာ ၅ ရက်နေ့ နေပြည်တော်မှာ ကျင်းပမှာ ဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာ သီချင်းတစ်ပုဒ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)