ရန္ကုန္-မႏၱေလး လမ္းေဟာင္းမွာ ကားတိုက္မႈ ေက်ာင္းသား ႏွစ္ဦး ေသဆံုး

0
358

ရန္ကုန္-မႏၱေလး လမ္းေဟာင္းမွာ မေန႔က ေအာက္တိုဘာ ၃၁ ရက္ မနက္ ၅ နာရီခြဲမွာ အရွိန္မထိန္းႏိုင္တဲ့ ယာဥ္တစ္စီး တစ္ဖက္ယာဥ္ေၾကာ ေရာက္ရွိၿပီး ဝင္တိုက္မိလို႔ ေက်ာင္းတက္သြားတဲ့ ေက်ာင္းသား ငါးဦးအနက္ ႏွစ္ဦး ေသဆံုးသြားပါတယ္။

ေနျပည္ေတာ္ ေကာင္စီနယ္ေျမဈ ေဇယ်ာသီရိၿမိဳ႕နယ္၊ မရင္းႀကီးေက်းရြာနဲ႔ ေခတ္ေအးေက်းရြာၾကားမွာ ယာဥ္ေမာင္း ေဇာ္ႏိုင္ဝင္း ေမာင္းႏွင္လာတဲ့ ၾကက္စာတင္ ယာဥ္ဟာ ေခတ္ေအး အထက္တန္းေက်ာင္းကို သြားတဲ့ မရင္းႀကီးရြာေန အ႒မတန္း ေက်ာင္းသား ငါးဦးကို ဝင္တိုက္မိတာ ျဖစ္ပါတယ္။

ေက်ာင္းသားငယ္ ႏွစ္ဦး အခင္းျဖစ္ပြားရာမွာ ေသဆံုးၿပီး က်န္ သံုးဦးဒဏ္ရာရကာ တစ္ဦးမွာ စိုးရိမ္ရတဲ့ အေျခအေန ရွိပါတယ္။ ေသဆံုးသူႏွစ္ဦးနဲ႔ ဒဏ္ရာရသူ ေက်ာင္းသား သံုးဦးကို ေနျပည္ေတာ္ ခုတင္ ၁၀၀၀ ေဆး႐ံုကို ပို႔ေဆာင္ထားပါတယ္။
……………… ။ ။ ………………..

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ကားတိုက်မှု ကျောင်းသား နှစ်ဦး သေဆုံး

ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ မနေ့က အောက်တိုဘာ ၃၁ ရက် မနက် ၅ နာရီခွဲမှာ အရှိန်မထိန်းနိုင်တဲ့ ယာဉ်တစ်စီး တစ်ဖက်ယာဉ်ကြော ရောက်ရှိပြီး ဝင်တိုက်မိလို့ ကျောင်းတက်သွားတဲ့ ကျောင်းသား ငါးဦးအနက် နှစ်ဦး သေဆုံးသွားပါတယ်။

နေပြည်တော် ကောင်စီနယ်မြေဈ ဇေယျာသီရိမြို့နယ်၊ မရင်းကြီးကျေးရွာနဲ့ ခေတ်အေးကျေးရွာကြားမှာ ယာဉ်မောင်း ဇော်နိုင်ဝင်း မောင်းနှင်လာတဲ့ ကြက်စာတင် ယာဉ်ဟာ ခေတ်အေး အထက်တန်းကျောင်းကို သွားတဲ့ မရင်းကြီးရွာနေ အဋ္ဌမတန်း ကျောင်းသား ငါးဦးကို ဝင်တိုက်မိတာ ဖြစ်ပါတယ်။

ကျောင်းသားငယ် နှစ်ဦး အခင်းဖြစ်ပွားရာမှာ သေဆုံးပြီး ကျန် သုံးဦးဒဏ်ရာရကာ တစ်ဦးမှာ စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။ သေဆုံးသူနှစ်ဦးနဲ့ ဒဏ်ရာရသူ ကျောင်းသား သုံးဦးကို နေပြည်တော် ခုတင် ၁၀ဝ၀ ဆေးရုံကို ပို့ဆောင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)