ၿဖိဳးကိုကိုတင့္ဆန္းအမႈ ရည္ရြယ္ခ်က္မွန္ ေဖာ္ထုတ္ေရး ဆက္လက္စစ္ေဆးေန

0
386

အမႈေပါင္း ၁၇ မႈနဲ႔ အမႈဖြင့္ခံထားရတဲ့ ၿဖိဳးကိုကိုတင့္ဆန္းနဲ႔ တျခားတရားခံ ၁၄ ဦးတို႔ကို သူတို႔ရဲ႕ ရည္ရြယ္ခ်က္မွန္ ေဖာ္ထုတ္ႏိုင္ေရးအတြက္ အထူးအမႈစစ္အဖြဲ႔ ဖြဲ႔စည္းၿပီး ဆက္လက္ စစ္ေဆးေနေၾကာင္းနဲ႔ ထပ္မံစစ္ေဆး ေပၚေပါက္လာမႈေတြကို ဥပေဒနဲ႔အညီ ထိေရာက္စြာ အေရးယူမယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ၿဖိဳးကိုကိုတင့္ဆန္းတို႔မွာ ဝွက္ထားတဲ့ လက္နက္ခဲယမ္းေတြ ထပ္ ရွိ၊ မရွိ၊ လက္နက္ခဲယမ္းေတြ ဝယ္ယူ သယ္ေဆာင္ရာ လမ္းေၾကာင္းနဲ႔ ကြင္းဆက္တရားခံ ေဖာ္ထုတ္မႈ၊ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္တဲ့ ကြင္းဆက္ တရားခံ ေဖာ္ထုတ္မႈေတြ လုပ္ေဆာင္ေနပါတယ္။

တရားဝင္လံုၿခံဳေရး အဖြဲ႔အစည္းနဲ႔ ဆင္တူတဲ့ တူညီဝတ္စံုေတြ၊ တံဆိပ္အမွတ္အသားေတြ၊ ခြင့္ျပဳခ်က္ မရွိဘဲ သံုးေနတဲ့ ဒ႐ုန္းေတြ၊ ဆက္သြယ္ေရးစက္ေတြ၊ လံုၿခံဳေရးတပ္ဖြဲ႔သံုး ဆက္စပ္ပစၥည္းေတြ အသံုးျပဳေနတဲ့ ရည္ရြယ္ခ်က္မွန္ကို ေဖာ္ထုတ္ႏိုင္ဖို႔ ဆက္လက္ စစ္ေဆးေနတာ ျဖစ္ပါတယ္။
………………….. ။ ။ ………………………

ဖြိုးကိုကိုတင့်ဆန်းအမှု ရည်ရွယ်ချက်မှန် ဖော်ထုတ်ရေး ဆက်လက်စစ်ဆေးနေ

အမှုပေါင်း ၁၇ မှုနဲ့ အမှုဖွင့်ခံထားရတဲ့ ဖြိုးကိုကိုတင့်ဆန်းနဲ့ တခြားတရားခံ ၁၄ ဦးတို့ကို သူတို့ရဲ့ ရည်ရွယ်ချက်မှန် ဖော်ထုတ်နိုင်ရေးအတွက် အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းပြီး ဆက်လက် စစ်ဆေးနေကြောင်းနဲ့ ထပ်မံစစ်ဆေး ပေါ်ပေါက်လာမှုတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဖြိုးကိုကိုတင့်ဆန်းတို့မှာ ဝှက်ထားတဲ့ လက်နက်ခဲယမ်းတွေ ထပ် ရှိ၊ မရှိ၊ လက်နက်ခဲယမ်းတွေ ဝယ်ယူ သယ်ဆောင်ရာ လမ်းကြောင်းနဲ့ ကွင်းဆက်တရားခံ ဖော်ထုတ်မှု၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ကွင်းဆက် တရားခံ ဖော်ထုတ်မှုတွေ လုပ်ဆောင်နေပါတယ်။

တရားဝင်လုံခြုံရေး အဖွဲ့အစည်းနဲ့ ဆင်တူတဲ့ တူညီဝတ်စုံတွေ၊ တံဆိပ်အမှတ်အသားတွေ၊ ခွင့်ပြုချက် မရှိဘဲ သုံးနေတဲ့ ဒရုန်းတွေ၊ ဆက်သွယ်ရေးစက်တွေ၊ လုံခြုံရေးတပ်ဖွဲ့သုံး ဆက်စပ်ပစ္စည်းတွေ အသုံးပြုနေတဲ့ ရည်ရွယ်ချက်မှန်ကို ဖော်ထုတ်နိုင်ဖို့ ဆက်လက် စစ်ဆေးနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)