ဒီမုိကေရစီဖက္ဒရယ္ျပည္ေထာင္စု တည္ေထာင္ႏုိင္တဲ့ အေျခခံဥပေဒျဖစ္ဖုိ႔ လုိအပ္ (႐ုပ္/သံ)

0
734

ဒီမုိကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေထာင္ႏုိင္တဲ့ အေျခခံဥပေဒျဖစ္မွ ၿငိမ္းခ်မ္းေရးရရွိမွာျဖစ္တယ္လုိ႔ ႏိုင္ငံေရးနဲ႔ တိုင္းရင္းသားအေရး ေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။ ဒီသတင္းကုိေတာ့ MCN သတင္းေထာက္ မင္းျပည့္ႏုိင္က ေပးပုိ႔ထားပါတယ္။

ျပည္သူေတြလုိလားတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးရဖုိ႔ ဒီမုိကေရစီဖက္ဒရယ္ျပည္ေထာင္စုကုိတည္ေထာင္ႏုိင္တဲ့ အေျခခံဥပေဒ တစ္ရပ္ျဖစ္လာမွသာ ၿငိမ္းခ်မ္းေရးကုိ ရရွိႏုိင္မွာျဖစ္တယ္လုိ႔ ႏုိင္ငံေရးနဲ႔တုိင္းရင္းသားအေရး ေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စုိး ကေျပာပါတယ္။

စက္တင္ဘာလ ၃၀ ရက္ေန႔က ရန္ကုန္ၿမဳိ႕ Melia ဟုိတယ္မွာ ျပဳလုပ္တဲ့ ရခုိင္အေရး ဘယ္လုိအေျဖရွာမလဲ ေဆြးေႏြးပြဲ ျပဳလုပ္ခဲ့တာပါ။

အင္တာဗ်ဴး ဦးေမာင္ေမာင္စုိး (ႏုိင္ငံေရးႏွင့္တုိင္းရင္းသားအေရး ေလ့လာသုံးသပ္သူ)

ဒါ့အျပင္ တုိင္းျပည္ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႔ၿဖဳိးတိုးတက္ဖို႔အတြက္ မီဒီယာရဲ႕အခန္းက႑က အေရးႀကီးသလို လက္ရွိ မီဒီယာေတြအေနနဲ႔ ႏိုင္ငံတကာကို သတင္းေရးသားေဖာ္ျပမႈေတြ အားနည္းေနတယ္လုိ႔ ဦးစုိင္းညြန္႔လြင္က ေထာက္ျပခဲ့ပါတယ္။

အင္တာဗ်ဴး ဦးစုိင္းညြန္႔လြင္ (အေထြေထြအတြင္းေရးမွဴး)
ရွမ္းတုိင္းရင္းသားမ်ားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (SNLD )ပါတီ

ဒီေဆြးေႏြးပြဲမွာ ABSDF ဗဟိုဥကၠ႒ ရဲေဘာ္သံခဲ၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ရဲ႕ အတြင္းေရးမွဴး ဦးစုိင္းညြန္႔လြင္နဲ႔ ႏိုင္ငံေရးနဲ႔ တိုင္းရင္းသားအေရးေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စုိးတုိ႔က ဦးေဆာင္ေဆြးေႏြးခဲ့ၿပီး ႏုိင္ငံေရးလႈပ္ရွားသူေတြ၊ ႏုိင္ငံေရးပါတီေတြနဲ႔ ျပည္သူ ၁၀၀ ေက်ာ္တုိ႔က တက္ေရာက္ ပါ၀င္ေဆြးေႏြးခဲ့ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်တဲ့ အခြေခံဥပဒေဖြစ်ဖို့ လိုအပ်

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်တဲ့ အခြေခံဥပဒေဖြစ်မှ ငြိမ်းချမ်းရေးရရှိမှာဖြစ်တယ်လို့ နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် မင်းပြည့်နိုင်က ပေးပို့ထားပါတယ်။

ပြည်သူတွေလိုလားတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုတည်ထောင်နိုင်တဲ့ အခြေခံဥပဒေ တစ်ရပ်ဖြစ်လာမှသာ ငြိမ်းချမ်းရေးကို ရရှိနိုင်မှာဖြစ်တယ်လို့ နိုင်ငံရေးနဲ့တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ကပြောပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ Melia ဟိုတယ်မှာ ပြုလုပ်တဲ့ ရခိုင်အရေး ဘယ်လိုအဖြေရှာမလဲ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။

အင်တာဗျူး ဦးမောင်မောင်စိုး (နိုင်ငံရေးနှင့်တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ)

ဒါ့အပြင် တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မီဒီယာရဲ့အခန်းကဏ္ဍက အရေးကြီးသလို လက်ရှိ မီဒီယာတွေအနေနဲ့ နိုင်ငံတကာကို သတင်းရေးသားဖော်ပြမှုတွေ အားနည်းနေတယ်လို့ ဦးစိုင်းညွန့်လွင်က ထောက်ပြခဲ့ပါတယ်။

အင်တာဗျူး ဦးစိုင်းညွန့်လွင် (အထွေထွေအတွင်းရေးမှူး)
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD )ပါတီ

ဒီဆွေးနွေးပွဲမှာ ABSDF ဗဟိုဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး နိုင်ငံရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူ ၁၀ဝ ကျော်တို့က တက်ရောက် ပါဝင်ဆွေးနွေးခဲ့ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)