အထည်ချူပ်လုပ်ငန်းမှာ ကျွမ်းကျင်လုပ်သား မွေးထုတ်နိုင်ဖို့လိုအပ်နေ (ရုပ်/သံ)

0
826








>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အထည်ချူပ်လုပ်ငန်းမှာ ကျွမ်းကျင်လုပ်သား မွေးထုတ်နိုင်ဖို့လိုအပ်နေ

အထည်ချူပ်လုပ်ငန်းကဏ္ဍမှာ လုပ်ကိုင်နေတဲ့လုပ်သားတွေ များပေမယ့် ကျွမ်းကျင်လုပ်သား နည်းပါးနေတဲ့အတွက် အလုပ်ရှင်တွေအနေနဲ့ အာရုံစိုက်လုပ်ဖို့ လိုအပ်တယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က တင်ဆက်ပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ အထည်ချူပ်လုပ်ငန်းကဏ္ဍမှာ အထည်ချူပ်လုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်သားအင်အားနဲ့ ကျွမ်း ကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ လုပ်သားဦးရေနှိုင်းယှဉ်ပါက အလွန်နည်းပါးနေတဲ့အတွက် အမျိုးသား အဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရ လုပ်သားတွေမွေးထုတ်ပေးဖို့ အလေးထားလုပ်ကိုင်ဖို့ လိုအပ် တယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန် ကနောင်ခန်းမမှာ အထည်ချူပ် အလုပ်အကိုင်ဆိုင်ရာ အမျိုးသားအဆင့် ကျွမ်းကျင်လုပ်သားရရှိစေရေးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တာပါ။

Soundbites- ဦးဝင်းရှိန် (ညွှန်ကြားရေးမှူးချူပ်)
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

အထည်ချူပ်လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့လုပ်သားတွေရဲ့ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်တဲ့ လုပ်သား တွေဖြစ်မှာသာ မိမိတို့ကုန်ထုတ်လုပ်ငန်း ပိုမိုတိုးတက်လာမှာဖြစ်သလို နိုင်ငံအတွက် အလုပ်အကိုင်အခွင့် အလမ်းတွေလည်း ဖန်တီးနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

Soundbites- ဦးဝင်းရှိန် (ညွှန်ကြားရေးမှူးချူပ်)
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

မြန်မာနိုင်ငံမှာ အထည်ချူပ်လုပ်သား ၂၃၀ဝ၀ဝ ကျော်ရှိပြီး ၂၀၁၄ခုနှစ်မေလကနေ ၂၀၁၈ခုနှစ်စက်တင်ဘာလ အထိ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု ‘စံ’သတ်မှတ်ပြဌာန်းရေး အဖွဲ့ကနေကျွမ်းကျင်မှု လက်မှတ်ထုတ်ပေး ခဲ့တဲ့ Level 1 အတွက် အမျိုးသား ၅၅ ဦး ၊ အမျိုးသမီး ၁၇၅၆ ဦး၊ Level 2 အတွက် အမျိုးသမီးလုပ်သား ၂၀ ဦး စုစုပေါင်း အထည်ချူပ်လုပ်သား ၁၈၃၁ ဦးသာ ကျွမ်းကျင်လုပ်သားကိုသာ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားပြီးဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)