ဝန္ႀကီး ဦးေက်ာ္တင္ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အလြတ္သေဘာ အစည္းအေဝး တက္ေရာက္

0
1555

(၇၃) ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံ တက္ေရာက္ေနတဲ့ ျမန္မာကိုယ္စားလွယ္အဖြဲ႔ ကိုယ္ခြဲေခါင္းေဆာင္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီးဦးေက်ာ္တင္ဟာ စက္တင္ဘာ ၂၈ ရက္ ကုလသမဂၢဌာနခ်ဳပ္မွာ က်င္းပတဲ့ အာဆီယံႏုိင္ငံျခားေရးဝန္ႀကီးမ်ားရဲ႕ အလြတ္သေဘာ အစည္းအေဝးကို တက္ေရာက္ပါတယ္။

အစည္းအေဝးမွာ အာဆီယံေမွ်ာ္မွန္းခ်က္ ၂၀၂၅ အေကာင္အထည္ေဖာ္မႈ၊ အာဆီယံ ေဆြးေႏြးဖက္ႏိုင္ငံေတြနဲ႔ ဆက္ဆံေရး တိုးျမႇင့္ေရးကိစၥ၊ လာမယ့္ ႏိုဝင္ဘာလ စင္ကာပူႏိုင္ငံမွာ က်င္းပမယ့္ (၃၃) ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီးအစည္းအေဝးနဲ႔ ဆက္စပ္အစည္းအေဝးေတြအတြက္ ႀကိဳတင္ျပင္ဆင္ထားရွိတဲ့ အေျခအေနေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

အစည္းအေဝးကို ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ မစၥတာ အန္တိုနီယို ဂတ္တာရက္ဇ္၊ (၇၃) ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံ သဘာပတိ မစၥမာရီယာဖာနန္ဒါ အက္စ္ပီႏိုဆာဂါဆက္နဲ႔ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြ တက္ေရာက္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ကြီး ဦးကျော်တင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေး တက်ရောက်

(၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ကိုယ်ခွဲခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဦးကျော်တင်ဟာ စက်တင်ဘာ ၂၈ ရက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ အလွတ်သဘော အစည်းအဝေးကို တက်ရောက်ပါတယ်။

အစည်းအဝေးမှာ အာဆီယံမျှော်မှန်းချက် ၂၀၂၅ အကောင်အထည်ဖော်မှု၊ အာဆီယံ ဆွေးနွေးဖက်နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စ၊ လာမယ့် နိုဝင်ဘာလ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေအတွက် ကြိုတင်ပြင်ဆင်ထားရှိတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂတ်တာရက်ဇ်၊ (၇၃) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ မစ္စမာရီယာဖာနန်ဒါ အက်စ်ပီနိုဆာဂါဆက်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)