ဂ်ပန္၊ ေတာင္ကိုရီးယား၊ တ႐ုတ္၊ ေဟာင္ေကာင္နဲ႔ မကာအိုတို႔ကို ဗီဇာ ေျဖေလွ်ာ့

0
1576

ဂ်ပန္၊ ေတာင္ကိုရီးယား၊ တ႐ုတ္၊ ေဟာင္ေကာင္နဲ႔ မကာအိုတို႔က သာမန္ႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္သူ ကမာၻလွည့္ခရီးသည္ေတြအတြက္ ျပည္ဝင္ခြင့္ ဗီဇာေျဖေလွ်ာ့မႈ စမ္းသပ္ကာလ တစ္ႏွစ္ကို ဒီေန႔ ေအာက္တိုဘာ ၁ ရက္ေန႔မွာ စတင္လိုက္ပါတယ္။

စမ္းသပ္ကာလက ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာ ၁ ရက္ကေန ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၃၀ ရက္အထိ သတ္မွတ္ထားပါတယ္။ အဲဒီ ႏိုင္ငံေတြက ခရီးသည္ေတြဟာ ဗီဇာကင္းလြတ္ခြင့္ရရွိမွာ ျဖစ္ၿပီး အျပည္ျပည္ဆိုင္ရာ ဝင္/ထြက္ ေပါက္ေတြျဖစ္တဲ့ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္ေတြ၊ ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ဆိပ္ကမ္း၊ ျမန္မာ-ထိုင္း နယ္စပ္ရွိ တာခ်ီလိတ္၊ ျမဝတီ၊ ထီးခီးနဲ႔ ေကာ့ေသာင္း အျပည္ျပည္ဆိုင္ရာ ကုန္းတြင္း ဝင္/ထြက္ ေပါက္ေတြ၊ ျမန္မာ-အိႏၵိယ နယ္စပ္ရွိ တမူးနဲ႔ ရိေခါဒါရ္ အျပည္ျပည္ဆိုင္ရာ ကုန္းတြင္း ဝင္/ ထြက္ ေပါက္ေတြကေန ဝင္ေရာက္/ထြက္ခြာခြင့္ျပဳမွာ ျဖစ္ပါတယ္။

ကမာၻလွည့္ဗီဇာ (Tourist Visa) တစ္မ်ိဳးတည္းနဲ႔ အလည္အပတ္အတြက္သာ ဝင္ေရာက္ခြင့္ျပဳၿပီး ဗီဇာကင္းလြတ္ခြင့္ (Visa Exemption) နဲ႔ ရက္ေပါင္း ၃၀ ေနခြင့္ျပဳမွာ ျဖစ္ေအမာ္ါ ေနခြင့္ သက္တမ္း ထပ္မံတိုးျမႇင့္ေပးမွာ မဟုတ္ပါဘူး။ ဆိုက္ေရာက္ဗီဇာ အခေငြက အေမရိကန္ေဒၚလာ ၅၀ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုတို့ကို ဗီဇာ ဖြေလျှော့

ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုတို့က သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ပြည်ဝင်ခွင့် ဗီဇာဖြေလျှော့မှု စမ်းသပ်ကာလ တစ်နှစ်ကို ဒီနေ့ အောက်တိုဘာ ၁ ရက်နေ့မှာ စတင်လိုက်ပါတယ်။

စမ်းသပ်ကာလက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ သတ်မှတ်ထားပါတယ်။ အဲဒီ နိုင်ငံတွေက ခရီးသည်တွေဟာ ဗီဇာကင်းလွတ်ခွင့်ရရှိမှာ ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဝင်/ထွက် ပေါက်တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်၊ မြဝတီ၊ ထီးခီးနဲ့ ကော့သောင်း အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း ဝင်/ထွက် ပေါက်တွေ၊ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးနဲ့ ရိခေါဒါရ် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း ဝင်/ ထွက် ပေါက်တွေကနေ ဝင်ရောက်/ထွက်ခွာခွင့်ပြုမှာ ဖြစ်ပါတယ်။

ကမ္ဘာလှည့်ဗီဇာ (Tourist Visa) တစ်မျိုးတည်းနဲ့ အလည်အပတ်အတွက်သာ ဝင်ရောက်ခွင့်ပြုပြီး ဗီဇာကင်းလွတ်ခွင့် (Visa Exemption) နဲ့ ရက်ပေါင်း ၃၀ နေခွင့်ပြုမှာ ဖြစ်အေမါာ် နေခွင့် သက်တမ်း ထပ်မံတိုးမြှင့်ပေးမှာ မဟုတ်ပါဘူး။ ဆိုက်ရောက်ဗီဇာ အခငွေက အမေရိကန်ဒေါ်လာ ၅၀ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)