ေကာ့ကရိတ္-ျမဝတီသြား အာရွလမ္းမမွာ စက္သံုးဆီသယ္ယာဥ္ ေခ်ာက္ထဲက်၊ မီးေလာင္

0
1018

ေကာ့ကရိတ္-ျမဝတီသြား အာရွလမ္းမေပၚမွာ မေန႔က စက္တင္ဘာ ၃၀ ရက္ေန႔က စက္သံုးဆီသယ္ယာဥ္တစ္စီး ေခ်ာက္ထဲထိုးက်ၿပီး မီးေလာင္မႈ ျဖစ္ပြားခဲ့ပါတယ္။

ျမဝတီၿမိဳ႕ကေန ေကာ့ကရိတ္ ၿမိဳ႕ဘက္ကို ယာဥ္ေမာင္း ထြန္းထြန္းလတ္ ေမာင္းလာတဲ့ ေျခာက္ဘီးယာဥ္ဟာ ဆီေပပါ ၃၅ လံုး တင္ေဆာင္ထားပါတယ္။ ကီလိုမီတာ ၁၅၆ နဲ႔ ၁၅၇ အၾကားမွာ လမ္းယာဘက္ျခမ္းကို ထိုးက် တိမ္းေမွာက္ၿပီး ယာဥ္နဲ႔ ကားေပၚရွိ ဆီေပပါေတြ မီးေလာင္ခဲ့ပါတယ္။

အခင္းျဖစ္ရာေနရာကို ရဲတပ္ဖြဲ႔ဝင္ေတြ၊ မီးသတ္တပ္ဖြဲ႔ဝင္ေတြ၊ လူမႈကယ္ဆယ္ေရးအဖြဲ႔ေတြ လာေရာက္ဝိုင္းဝန္း မီးၿငိႇမ္းသတ္ခဲ့ၾကပါတယ္။ ယာဥ္ေမာင္းကို ေကာ့ကရိတ္ၿမိဳ႕မ ရဲစခန္းက အမႈဖြင့္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကော့ကရိတ်-မြဝတီသွား အာရှလမ်းမမှာ စက်သုံးဆီသယ်ယာဉ် ချောက်ထဲကျ၊ မီးလောင်

ကော့ကရိတ်-မြဝတီသွား အာရှလမ်းမပေါ်မှာ မနေ့က စက်တင်ဘာ ၃၀ ရက်နေ့က စက်သုံးဆီသယ်ယာဉ် တစ်စီး ချောက်ထဲထိုးကျပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

မြဝတီမြို့ကနေ ကော့ကရိတ် မြို့ဘက်ကို ယာဉ်မောင်း ထွန်းထွန်းလတ် မောင်းလာတဲ့ ခြောက် ဘီးယာဉ်ဟာ ဆီပေပါ ၃၅ လုံး တင်ဆောင်ထားပါတယ်။ ကီလိုမီတာ ၁၅၆ နဲ့ ၁၅၇ အကြားမှာ လမ်းယာဘက်ခြမ်းကို ထိုးကျ တိမ်းမှောက်ပြီး ယာဉ်နဲ့ ကားပေါ်ရှိ ဆီပေပါတွေ မီးလောင်ခဲ့ပါတယ်။

အခင်းဖြစ်ရာနေရာကို ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကယ်ဆယ်ရေး အဖွဲ့တွေ လာရောက်ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ကြပါတယ်။ ယာဉ်မောင်းကို ကော့ကရိတ်မြို့မ ရဲစခန်းက အမှုဖွင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)