မဲေဆာက္မွာ စီးပြားေရး အေဆာက္အအံု မီးေလာင္၊ ဘတ္သန္း ၃၀ ခန္႔ ဆံုး႐ံႈး

0
1691

ျမဝတီၿမိဳ႕ တစ္ဖက္ျခမ္းရွိ နယ္စပ္ၿမိဳ႕ မဲေဆာက္မွာ မေန႔က စက္တင္ဘာ ၃၀ ရက္ေန႔က အထပ္သံုးထပ္ရွိ စီးပြားေရး အေဆာက္အအံု မီးေလာင္လို႔ ထိုင္းဘတ္ေငြ သန္း ၃၀ ဖိုးခန္႔ ဆံုး႐ံႈးခဲ့တယ္လို႔ ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေဖာ္ျပထားပါတယ္။

မဲေဆာက္ၿမိဳ႕ အဓိက လမ္းမႀကီးရွိ ဖာခ်႐ိုအင္ ေစ်းရွိ စီးပြားေရးအေဆာက္အအံု မြန္းလြဲ ၁ နာရီမွာ မီးေလာင္ခဲ့တာ ျဖစ္ၿပီး မဲေဆာက္ စည္ပင္က မီးသတ္ကား ၁၅ ကား၊ မီးသတ္သမား၊ ကယ္ဆယ္ေရး လုပ္သားေတြနဲ႔ ၿငိမ္းသတ္ခဲ့ရပါတယ္။

အေဆာက္အအံုကို ဗီႏိုင္ မားကက္ ကုမၸဏီက ပိုင္ဆိုင္တာ ျဖစ္ၿပီး ကုန္ေျခာက္၊ ပလတ္စတစ္အိတ္နဲ႔ ေဖာ့ဘူးေတြ သိုေလွာင္ထားတဲ့ အခန္းေတြ ပါရွိတယ္လို႔ မဲေဆာက္ ခ႐ိုင္မႉး ခ်ိဳင္ယာဖရြတ္ ခ်ီယန္သန္ရတ္က ေျပာပါတယ္။ မီးေလာင္စဥ္ ေပါက္ကြဲမႈေတြလည္း ျဖစ္ခဲ့ၿပီး အနီးအနားက ဆိုင္ခန္းေတြလည္း ပစၥည္းေတြ သယ္ၿပီး ထြက္ေျပးခဲ့ရပါတယ္။ မီးကို ငါးနာရီၾကာ ၿငိမ္းသတ္ခဲ့ရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မဲဆောက်မှာ စီးပွားရေး အဆောက်အအုံ မီးလောင်၊ ဘတ်သန်း ၃၀ ခန့် ဆုံးရှုံး

မြဝတီမြို့ တစ်ဖက်ခြမ်းရှိ နယ်စပ်မြို့ မဲဆောက်မှာ မနေ့က စက်တင်ဘာ ၃၀ ရက်နေ့က အထပ်သုံးထပ်ရှိ စီးပွားရေး အဆောက်အအုံ မီးလောင်လို့ ထိုင်းဘတ်ငွေ သန်း ၃၀ ဖိုးခန့် ဆုံးရှုံးခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

မဲဆောက်မြို့ အဓိက လမ်းမကြီးရှိ ဖာချရိုအင် ဈေးရှိ စီးပွားရေးအဆောက်အအုံ မွန်းလွဲ ၁ နာရီမှာ မီးလောင်ခဲ့တာ ဖြစ်ပြီး မဲဆောက် စည်ပင်က မီးသတ်ကား ၁၅ ကား၊ မီးသတ်သမား၊ ကယ်ဆယ်ရေး လုပ်သားတွေနဲ့ ငြိမ်းသတ်ခဲ့ရပါတယ်။

အဆောက်အအုံကို ဗီနိုင် မားကက် ကုမ္ပဏီက ပိုင်ဆိုင်တာ ဖြစ်ပြီး ကုန်ခြောက်၊ ပလတ်စတစ်အိတ်နဲ့ ဖော့ဘူးတွေ သိုလှောင်ထားတဲ့ အခန်းတွေ ပါရှိတယ်လို့ မဲဆောက် ခရိုင်မှူး ချိုင်ယာဖရွတ် ချီယန်သန်ရတ်က ပြောပါတယ်။ မီးလောင်စဉ် ပေါက်ကွဲမှုတွေလည်း ဖြစ်ခဲ့ပြီး အနီးအနားက ဆိုင်ခန်းတွေလည်း ပစ္စည်းတွေ သယ်ပြီး ထွက်ပြေးခဲ့ရပါတယ်။ မီးကို ငါးနာရီကြာ ငြိမ်းသတ်ခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)