Reuters သတင္းေထာက္ေတြ လႊတ္ေပးေရး ေအမယ္ ကလူနီ ေမတၱာရပ္ခံ

0
203

ထင္ရွားတဲ့ လူ႔အခြင့္အေရး ေရွ႕ေန ေအမယ္ ကလူနီက Reuters သတင္းေထာက္ ႏွစ္ဦး လြတ္ေျမာက္ေရးမွာ ေဒၚေအာင္ဆန္းစုၾကည္က အဓိက ေသာ့ခ်က္ျဖစ္ၿပီး သတင္းေထာက္ေတြကို လႊတ္ေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ေမတၱာရပ္ခံလိုက္ပါတယ္။

ေဟာလိဝုဒ္ သ႐ုပ္ေဆာင္ မင္းသားႀကီး ေဂ်ာ့ဂ်္ ကလူနီရဲ႕ ဇနီးလည္းျဖစ္သူ ေအမယ္ ကလူနီက အစိုးရ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ ေထာင္ ခုနစ္ႏွစ္ ခ်မွတ္ခံရတဲ့ သတင္းေထာက္ေတြရဲ႕ မိသားစုက အသနားခံစာ တင္ထားေၾကာင္း၊ သမၼတ ဦးဝင္းျမင့္က ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တိုင္ပင္ၿပီး လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးႏိုင္ေၾကာင္း ေျပာတယ္လို႔ စထရိတ္တိုင္းမ္ သတင္းစာမွာ ေဖာ္ျပထားပါတယ္။

ကုလသမဂၢ အေထြေထြ ညီလာခံ က်င္းပစဥ္ သီးျခားျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ၿဗိတိသွ်-လက္ဘႏြန္ ေရွ႕ေန ေအမယ္ ကလူနီက ျမန္မာအစိုးရ ဆႏၵရွိလို႔ လုပ္ခ်င္ရင္ ဒီေနပဲ လုပ္လို႔ ရပါတယ္လို႔ ေျပာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Reuters သတင်းထောက်တွေ လွှတ်ပေးရေး အေမယ် ကလူနီ မေတ္တာရပ်ခံ

ထင်ရှားတဲ့ လူ့အခွင့်အရေး ရှေ့နေ အေမယ် ကလူနီက Reuters သတင်းထောက် နှစ်ဦး လွတ်မြောက်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်က အဓိက သော့ချက်ဖြစ်ပြီး သတင်းထောက်တွေကို လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရပ်ခံလိုက်ပါတယ်။

ဟောလိဝုဒ် သရုပ်ဆောင် မင်းသားကြီး ဂျော့ဂျ် ကလူနီရဲ့ ဇနီးလည်းဖြစ်သူ အေမယ် ကလူနီက အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင် ခုနစ်နှစ် ချမှတ်ခံရတဲ့ သတင်းထောက်တွေရဲ့ မိသားစုက အသနားခံစာ တင်ထားကြောင်း၊ သမ္မတ ဦးဝင်းမြင့်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်ကြောင်း ပြောတယ်လို့ စထရိတ်တိုင်းမ် သတင်းစာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပစဉ် သီးခြားပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗြိတိသျှ-လက်ဘနွန် ရှေ့နေ အေမယ် ကလူနီက မြန်မာအစိုးရ ဆန္ဒရှိလို့ လုပ်ချင်ရင် ဒီနေပဲ လုပ်လို့ ရပါတယ်လို့ ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)