ေဒၚေအာင္ဆန္းစုၾကည္ကို ဆက္ၿပီး မေထာက္ခံေတာ့ဘူးလို႔ ဝန္ႀကီးခ်ဳပ္ မဟာသီယာ ေျပာ

0
275

ဘဂၤါလီ မြတ္စလင္ အက်ပ္အတည္း ကိုင္တြယ္မႈနဲ႔ ပတ္သက္လို႔ မေလးရွား အေနနဲ႔ ျမန္မာေခါငး္ေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ဆက္ၿပီး မေထာက္ခံေတာ့ဘူးလို႔ မေလးရွား ဝန္ႀကီးခ်ဳပ္ ေဒါက္တာ မဟာသီယာ မိုဟာမက္က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ “ေျပာင္းလဲသြားသူ” ျဖစ္ၿပီး သူ႔အေပၚ ယံုၾကည္မႈ ေပ်ာက္ဆံုးသြားတယ္လို႔ တူရကီ ႐ုပ္သံလိုင္းျဖစ္တဲ့ TRT နဲ႔ အင္တာဗ်ဴးမွာ ဝန္ႀကီးခ်ဳပ္ မဟာသီယာက ေျပာသြားတာ ျဖစ္ပါတယ္။ ဘဂၤါလီ မြတ္စလင္ကိစၥနဲ႔ ပတ္သက္လို႔ ျမန္မာစစ္တပ္အေပၚ အေရးယူေရးကို ေဒၚေအာင္ဆန္းစုၾကည္က ေျပာဆိုလိုျခင္း မရွိဘူးလို႔လည္း သူက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္ က်စဥ္ သူလြတ္ေျမာက္ေရး မေလးရွားကလည္း ေတာင္းဆိုခဲ့ေၾကာင္း၊ ေဒၚေအာင္ဆန္းစုၾကည္ဆီ စာေရးပို႔တဲ့အခါ ဘာမွ မတံု႔ျပန္လို႔ အလြန္ စိတ္ပ်က္မိေၾကာင္း ဝန္ႀကီးခ်ဳပ္ မဟာသီယာက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး မထောက်ခံတော့ဘူးလို့ ဝန်ကြီးချုပ် မဟာသီယာ ပြော

ဘင်္ဂါလီ မွတ်စလင် အကျပ်အတည်း ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ မလေးရှား အနေနဲ့ မြန်မာခေါငး်ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး မထောက်ခံတော့ဘူးလို့ မလေးရှား ဝန်ကြီးချုပ် ဒေါက်တာ မဟာသီယာ မိုဟာမက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ “ပြောင်းလဲသွားသူ” ဖြစ်ပြီး သူ့အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားတယ်လို့ တူရကီ ရုပ်သံလိုင်းဖြစ်တဲ့ TRT နဲ့ အင်တာဗျူးမှာ ဝန်ကြီးချုပ် မဟာသီယာက ပြောသွားတာ ဖြစ်ပါတယ်။ ဘင်္ဂါလီ မွတ်စလင်ကိစ္စနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်အပေါ် အရေးယူရေးကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုခြင်း မရှိဘူးလို့လည်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျစဉ် သူလွတ်မြောက်ရေး မလေးရှားကလည်း တောင်းဆိုခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဆီ စာရေးပို့တဲ့အခါ ဘာမှ မတုံ့ပြန်လို့ အလွန် စိတ်ပျက်မိကြောင်း ဝန်ကြီးချုပ် မဟာသီယာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)