Facebook သံုးတဲ့ ခင္ပြန္းကို ၆ ေပါင္တူနဲ႔ ၁၃ ခ်က္နီးပါး ထုသတ္ခဲ့တဲ့ ဇနီးကို ရာဇသတ္ႀကီးပုဒ္မ ၃၀၂ နဲ႔ အေရးယူ

0
401

Facebook လူမႈကြန္ရက္ေပၚမွာ အျခားမိန္းကေလးေတြနဲ႔ ဆက္သြယ္ေျပာဆိုမႈလုပ္ခဲ့တဲ့ ခင္ပြန္းကို ၆ ေပါင္တူနဲ႔ ၁၃ ခ်က္နီးပါ ထုသတ္ခဲ့တဲ့ မလွသင္းၾကည္ကို ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ အမႈဖြင့္အေရးယူ လိုက္ၿပီျဖစ္ပါတယ္။

ပဲခူးၿမိဳ႕၊ အမွတ္ ၃ ရဲတပ္ဖြဲ႔စခန္းကေန (ပ)၇၇၄/၂၀၁၇ နဲ႔ အမႈဖြင့္ အေရးယူခဲ့တာလို႔ တာဝန္က် ရဲအရာရွိတစ္ဦးက ေျပာပါတယ္။

စက္တင္ဘာလ ၃၀ ရက္ေန႔ မနက္ ၂ နာရီေလာက္က ပဲခူးတိုင္းေဒသႀကီး ပဲခူးၿမိဳ႕၊ဥသာၿမိဳ႕သစ္၊ ရပ္ကြက္ႀကီး (၉) မွာ အဲ့ဒီ ၆ ေပါင္တူနဲ႔ ထုသတ္မႈ ျဖစ္ပြားခဲ့တာပါ။

ဇနီးျဖစ္သူ မလွသင္းၾကည္က ခင္ပြန္းျဖစ္သူ ကိုမ်ိဳးသန္႔ဦး (၃၅) ႏွစ္ကို Facebook လူမႈကြန္ရက္ေပၚမွာ အျခားမိန္းကေလးေတြနဲ႔ ဆက္သြယ္ေျပာဆိုမႈ မလုပ္ဖို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အဲ့ဒီလို ေျပာဆိုတာေၾကာင့္ ကိုမ်ိဳးသန္႔ဦးက ဇနီးျဖစ္သူ မလွသင္းၾကည္ကုိ ရိုက္ႏွက္မႈေတြ စတင္ ျပဳလုပ္ခဲ့တာပါ။

အဲ့ဒါေၾကာင့္ ကိုမ်ိဳးသန္႔ဦးအိပ္ေပ်ာ္ေနစဥ္ မလွသင္းၾကည္ကုိက ၆ ေပါင္တူနဲ႔ နဖူး မ်က္ႏွာ လည္ပင္းေတြကို ၁၃ ခ်က္ေလာက္ ဆက္တိုက္ထုသတ္ခဲ့တာျဖစ္ပါတယ္။

စစ္ေဆးခ်က္ေတြအရ ေသဆံုးသူဟာ အရက္မူးလာရင္ ဇနီးျဖစ္သူ မလွသင္းၾကည္ကို အျမဲတမ္း႐ိုက္ႏွက္ႏွိပ္စက္ ဆူပူႀကိမ္းေမာင္းမႈေတြကို ျပဳလုပ္ေလ့ ရွိတယ္လို႔လည္း ရဲတပ္ဖြဲ႔၀င္ေတြက ေျပာပါတယ္။

 ၿဖိဳးကိုလင္း(ေညာင္ဝိုင္း)

>>>>>>>>>>>>>>>>>>>>>>>>>>

Facebook သုံးတဲ့ ခင်ပွန်းကို ၆ ပေါင်တူနဲ့ ၁၃ ချက်နီးပါး ထုသတ်ခဲ့တဲ့ မလှသင်းကြည်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အရေးယူ

Facebook လူမှုကွန်ရက်ပေါ်မှာ အခြားမိန်းကလေးတွေနဲ့ ဆက်သွယ်ပြောဆိုမှုလုပ်ခဲ့တဲ့ ခင်ပွန်းကို ၆ ပေါင်တူနဲ့ ၁၃ ချက်နီးပါ ထုသတ်ခဲ့တဲ့ မလှသင်းကြည်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူ လိုက်ပြီဖြစ်ပါတယ်။

ပဲခူးမြို့၊ အမှတ် ၃ ရဲတပ်ဖွဲ့စခန်းကနေ (ပ)၇၇၄/၂၀၁၇ နဲ့ အမှုဖွင့် အရေးယူခဲ့တာလို့ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၂ နာရီလောက်က ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ဥသာမြို့သစ်၊ ရပ်ကွက်ကြီး (၉) မှာ အဲ့ဒီ ၆ ပေါင်တူနဲ့ ထုသတ်မှု ဖြစ်ပွားခဲ့တာပါ။

ဇနီးဖြစ်သူ မလှသင်းကြည်က ခင်ပွန်းဖြစ်သူ ကိုမျိုးသန့်ဦး (၃၅) နှစ်ကို Facebook လူမှုကွန်ရက်ပေါ်မှာ အခြားမိန်းကလေးတွေနဲ့ ဆက်သွယ်ပြောဆိုမှု မလုပ်ဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ပြောဆိုတာကြောင့် ကိုမျိုးသန့်ဦးက ဇနီးဖြစ်သူ မလှသင်းကြည်ကို ရိုက်နှက်မှုတွေ စတင် ပြုလုပ်ခဲ့တာပါ။

အဲ့ဒါကြောင့် ကိုမျိုးသန့်ဦးအိပ်ပျော်နေစဉ် မလှသင်းကြည်ကိုက ၆ ပေါင်တူနဲ့ နဖူး မျက်နှာ လည်ပင်းတွေကို ၁၃ ချက်လောက် ဆက်တိုက်ထုသတ်ခဲ့တာဖြစ်ပါတယ်။

စစ်ဆေးချက်တွေအရ သေဆုံးသူဟာ အရက်မူးလာရင် ဇနီးဖြစ်သူ မလှသင်းကြည်ကို အမြဲတမ်းရိုက်နှက်နှိပ်စက် ဆူပူကြိမ်းမောင်းမှုတွေကို ပြုလုပ်လေ့ ရှိတယ်လို့လည်း ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)